Friday, 9 March 2012

# My Own Feelings

စာရေးပါတော့မယ်.....:D


အခု.. မနက် ၂ နာရီပါ..။
မနေ့ကပဲ ကျမရဲ့.. semester တစ်ခု စာမေးပွဲတွေ အားလုံးပြီးသွားလို့... စာကြည့်စရာ မလိုသေးတဲ့အခါ... အကျင့်မကောင်းတဲ့... မျက်လုံးက အိပ်လို့မပျော်သေးပါဘူး....။
အဲဒါနဲ့ပဲ.. စာရေးမယ်ဆိုပြီး.. ဖွင့်ထားတဲ့.. ဘလော့ထဲမှာ.. ဟိုပြင်ဒီပြင်လုပ်နေပါတယ်....။
တစ်ယောက်တည်း..မလုပ်တတ်လုပ်တတ်နဲ့... Gadget တွေ ဟိုထည့်ဒီထည့်နဲ့ပါပဲ..။
စာမေးပွဲဖြေနေတဲ့အချိန်တုန်းကတည်းက .. ဒီဘလော့ကိုဖွင့်ပြီးးး ကလိနေတာကြာပါပြီ....။ ဒါပေမယ့်.... စာမေးပွဲကြောင့်... မရေးဖြစ်ခဲ့ပဲ.... အရင်က ရေးထားခဲ့တဲ့... ကဗျာနှစ်ပုဒ်ကို ခပ်တည်တည်နဲ့.... တင်ထားတာပါ... :D
makeoutclub.com
အရင်ကတော့.. စာကြည့်ရင်း....ပင်ပန်းလာတဲ့အခါတိုင်း... ဘလော့တွေလိုက်ဖတ်တာ.... ကျမအတွက်... စိတ်အပန်းဖြေစရာ တစ်ခုလို ဖြစ်နေခဲ့ပါတယ်......။
တစ်ကယ်တော့.... စာရေးတဲ့အလုပ်က မလွယ်ပါလားဆိုတာ.. ကိုယ်တိုင်ရေးကြည့်မှ... သိလာပါတယ်...။
စိတ်ထဲမှာရှိနေပြီး.... ချရေးလိုက်တဲ့အခါ.... ကိုယ့်ခံစားချက်နဲ့.... ထပ်တူမကျဘူးဖြစ်ချင်ဖြစ်သွားပြန်ပါရော...။
အခုလည်း... ရေးချင်တာကတစ်မျိုး.. ချရေးနေမိတာတွေက ... တစ်ခြား....။
ဒီလိုနဲ့ပဲ..... ဒီပို့စ်ကလည်း..... ဟိုမရောက်ဒီမရောက်ပို့စ်တစ်ပုဒ်ပဲ ... ဖြစ်သွားဦးမှာပါပဲ.... :D
အစမို့လို့... သည်းခံပေးကြပါနော်..... :)
နောက်ဆိုရင်တော့....... ဖတ်လို့ကောင်းတဲ့..ပို့စ်လေးတွေ...ရေးဖြစ်နိုင်အောင် ကြိုးစားလိုက်ပါဦးမယ်....။
Semester Break က တစ်လကြာမှာမို့... ဒီတစ်လအတွင်းမှာတော့.... နေ့တိုင်းလိုလို ရေးဖြစ်မယ်လို့... စိတ်ကူးထားပါတယ်.... ကြုံရာခံစားချက်များပေါ့.... :D

2 comments:

Candy said...

အားလပ်ရက်ပေါ့..
ပျော်စရာကြီး ကန်ဒီအတွက်တော့ ဒီလက စာမေးပွဲလ :(
စာရေးတဲ့အလုပ်ကတော့ တကယ်မလွယ်တာပါ။ ၀တ္တုမပြောနဲ့ ကိုယ်ပြောချင်တာလေးကိုတောင် စကားပြေတခုဖြစ်အောင် ရေးဖို့ စစချင်းဆို အခက်အခဲတွေ ရှိတယ်။ ကန်ဒီစာစရေးတုန်းက ပိုစ့်တွေကို ခုပြန်ဖတ်ရင် ရီချင်တယ်။ (တကယ်တော့ ခုလည်း ကြိုးစားဆဲပါ :P)

Mrs. Bagel said...

လွယ်တော့လွယ်ဘူး။ အပန်းတော့ပြေတယ်။ မြတ်ကြည်လည်း စစချင်းက ရေးလိုက်ဖျက်လိုက်ပဲ။ :D

Follow Us @soratemplates