Tuesday, 20 March 2012

# Days in Germany # အမှတ်တရ အချိန်များ

ပင်လယ်ကြီးဆီသို့.....


  ကျောင်းပိတ်ထားတုန်း.. အပျင်းပြေသူငယ်ချင်းတွေ စုပြီး.. ပင်လယ်ကို သွားလည်ကြတယ်.. ဓါတ်ပုံတွေအများကြီးရိုက်ကြတယ်.. ပြီးတော့.. သူငယ်ချင်းတွေအားလုံး.. ဘာစိတ်ကူးပေါက်ကြလဲမသိဘူး.. အရင်က တင်လေ့မရှိပေမယ့်.. ဒီတစ်ခေါက် ရိုက်လာသမျှ ဓါတ်ပုံတွေကို ဖေ့ဘွတ်ပေါ်မှာတင်ပြီး.. Like အနည်းအများထိုင်ရေနေကြတာပါ.. တခါတလေ.. ဘာဖိအားမှ မရှိပဲ.. ခရီးသွားရတာလဲ ပျော်စရာတော့ ကောင်းသားပဲ..။

ကျမသွားတဲ့ North Sea က ဂျာမနီနိုင်ငံရဲ့.. Cuxhaven လို့ခေါ်တဲ့မြို့နားလေးက ဆိပ်ကမ်းကို သွားခဲ့တာပါ..။ ပင်လယ်ကြီးမြင်တော့..မြန်မာပြည်က BOB ကို လွမ်းတယ်..။ ရထားနဲ့ သွားရတော့.. လေးနာရီလောက် စီးပြီး. Hamburg မှာ ဆင်းကာ ရထားတစ်ဆင့်ပြောင်းစီးရပါတယ်.။ Hamburg မှာ နာရီဝက်လောက်ရထားစောင့်နေရင်း.. တစ်နေ့က ပြဿနာတစ်ခုကိုတောင်.. စိတ်ထဲမှာ. သတိရမိနေတယ်.. :)
 
နွေရာသီတုန်းက တစ်ခေါက်ရောက်ခဲ့ဖူးပေမယ့်.. အဲဒီတုန်းက လှိုင်းတွေမမြင်ရပဲ.. ပင်လယ်ငြိမ်ကြီးပဲ ကြည့်ပြီးပြန်ခဲ့ရလို့.. ဒီတစ်ခေါက်ထပ်သွားကြည့်တာပါ..။  ဒီတစ်ခေါက်လည်း.. မထူးပါဘူး.. ပင်လယ်ပြင်ကြီးကငြိမ်သက်လို့ပါပဲ..။ လှိုင်းဆိုလို့.. လေအဝှေ့မှာ.ခဏတက်လာတဲ့.. ရေလှိုင်းသေးသေးလေးတွေပဲ ရှိပြီး..  သဲသောင်တွေ..ေ ကျာက်ဆောင်တွေလည်း.. မရှိပါဘူး..။ အဲဒီမှာ လာအပန်းဖြေတဲ့သူတွေကတော့. အများကြီးပါပဲ.. ရေကူးစရာနေရာအဖြစ်.. ဘယ်ကနေသယ်ပြီး ချထားတယ်မသိတဲ့ သဲခုံသေးသေးလေးတစ်ခုတော့ ရှိပါတယ်.. အဲဒီဖန်တီးထားတဲ့.. သဲခုံသေးသေးလေးပေါ် ကနေ.. ရေကူးဆော့ကစားပြီး... ပျော်နေကြတဲ့သူတွေကို တွေ့တဲ့အခါ.. သဘာဝအတိုင်း သဲသောင်ပြင်ကျယ်ကြီးတွေနဲ့.. လှပနေတဲ့... ကျမချစ်တဲ့မြန်မာနိုင်ငံက.. ပင်လယ်ကမ်းခြေတွေ ကိုများမြင်ရင်... သူတို့တွေ.. ဘယ်လောက်များအံ့သြပျော်ရွှင်ကြမလဲလို့.. စိတ်ထဲတွေးနေမိတယ်..။

 ကမ်းခြေက ကျောက်ဆောင်အကြီးကြီးတွေနဲ့... ကမ်းခြေကို. လာရိုက်ခတ်နေတဲ့.. ရေလှိုင်းတွေနဲ့ လှပနေတဲ့.. ကမ်းခြေတစ်နေရာပါ.. :D
 
တော်တော်တော့ အလုပ်လုပ်တဲ့ ဆိပ်ကမ်းမြို့ပါပဲ.. ပင်လယ်ပြင်ကျယ်ကြီးထဲမှာ.. ကုန်တင်သင်္ဘောတွေ.. သွားလိုက်.. ချလိုက်. နားလိုက်နဲ့.. တစ်ချိန်လုံးအလုပ်လုပ်နေကြတယ်..။
 ဒီလိုမှပဲ.. လှိုင်းသေးသေးလေးမြင်ရလို့.. မော်တော်ဘုတ်စီးတဲ့သူတွေကိုတောင် ကျေးဇူးတင်ရမလိုလို :)
  လမ်းမြင်ရင် ဒီလိုမျိုးရိုက်ချင်နေတာက.. ဘာအကျင့်လဲတော့.. မသိဘူး.. :P
ရေကန်လေးနဲ့.. အိမ်လေးနဲ့.. ဘဲလေးတွေနဲ့.. ကြည့်ရတာ သဘာဝအတိုင်း လှနေလို့ ရိုက်ခဲ့တာပါ..။


 
စည်းကမ်းရှိတယ်......နိုင်ငံကြီးသားပီသတယ်..... .ဘေးမှာလမ်းရှိနေတာကို သတိမထားမိပဲ   မြက်ခင်းပေါ်ဖြတ်ပြီး. ချီတက်ကြပါတယ်..။သူငယ်ချင်းတစ်ချို့က အပေါ်မှာရောက်နေပြီး.. ပြန်ရအောင်လို့ လှမ်းခေါ်တာနဲ့ စကားပြောနေရင်း.. သတိမထားမိဘဲ..မြက်ခင်းပေါ်ကနေ တက်လာမိတယ်.. အပေါင်းပါတစ်စုကလည်း.. မတားတဲ့အပြင် လူမိုက်အားပေးလုပ်ပြီး.. နောက်ကနေလိုက်တက်ကြပါတယ်.. ။ အရင်ရောက်နေတဲ့ သူငယ်ချင်းကလည်း သများစည်းကမ်းဖောက်တာကို.. မှတ်တမ်းတင်ဖြစ်အောင် တင်ပါတယ်..။ ဓါတ်ပုံမြင်တော့မှ.. သတိထားမိပြီး.. ရှက်လိုက်တာ.. :) :)

ပျော်ရွှင်ကြပါစေ.. ♥ ♥♥♥ ♥♥♥ ♥ 

9 comments:

ရင်ဆူး said...

စနိုးရေ မရောက်ဘူးတဲ့ ဂျာမနီကပုံတွေကြည့်ရလို့ ကျေးဇူးပါ.....ပျော်စရာကောင်းမှာဘဲနော်........အမြဲတမ်းပျော်ပျော်နေနိုင်ပါစေနော်........

အောင်အောင် said...

ပုံတွေ ကြည့်သွားတယ် ညီမရေ...အမြဲတမ်းပျော်ရွှင်ပါစေ...

ချစ်စံအိမ် said...

ဓာတ်ပုံလေးတွေလန်းတယ် ကိုယ်တိုင်ရောက်သွားသလိုပဲ:P

မောင်(စွယ်စုံကျမ်း) said...

ပုံလည်းလှ..လူလည်းလှပါဗျာ...

အိမ်မက်စေရာ said...

စနိုးရေ.. ပင်လယ်ပြင်ကြီး ကြည့်ပြီး ရင်ခုန်သွားတယ်.. အိမ်မက်တော့ ဘယ်ပင်လယ်မှ မရောက်ဖူးသေးဘူးး(
ရှုခင်းလေးတွေ ကြည့်ရတာာ သာယာလိုက်တာ..
ခင်တဲ့
အိမ်မက်

စံပယ်ချို said...

ချစ်စရာကောင်းတဲ့သူလေးကရိုက်ထားတဲ့
ပုံလှလှလေးတွေတ၀ကြည့်ခဲ့တယ်

ပစ်တိုင်းထောင် said...

ဒီလို အတွေ့အကြုံပုံတွေကို များများတင်ပေးစေချင်တယ် အမရေ.. အားပေးသွားတယ်နော်။

ပစ်တိုင်းထောင် said...

visit my blog www.wisdomlife7.blogspot.com

ကသစ် said...

လမ်းမြင်ရင် ဓာတ်ပုံရိုက်ချင်တာက လမ်းလျှောက်ချင်လို့ဖြစ်မယ်။ မြက်ခင်းပေါ် လမ်းလျှောက်ရတာအရသာမမရဲ့။

Follow Us @soratemplates