ရေးချင်ရာ ရေးဖြစ်ခဲ့တာတွေ .........
Phyu Lwin
July 01, 2012
12 Comments
တဂွမ်ဂွမ် မြည်တတ်တဲ့ နာရီက နှိုးစက်သံတွေ ……
ငါးမိနစ်ခြားတစ်ခါ…. ထထအော်ပေးတဲ့ ဖုန်းက နှိုးစက်မြည်သံတွေ
ဒီလိုအသံတွေနဲ့တော့ မနိုးတတ်ပဲ ပြန်ပြန်အိပ်တတ်ခဲ့တာ………
Vibration နဲ့လာတဲ့ နင့်ရဲ့ message သံလေးတစ်ခါမှာတောင်
ချက်ချင်းကောက်ကြည့်ပြီး….. ထထိုင်…ချက်ချင်းပြန်ပို့တတ်ခဲ့တာက
နင့်ကို မှီခိုချင်လို့….. မဟုတ်ပါဘူး……….
စာပြန်မပို့မချင်း……….. ငါမနိုးမှာ စိုးရိမ်နေတာမျိုး မဖြစ်စေချင်လို့ပါ……။
အဲဒီစာတိုလေးတွေနဲ့ ……. Missed call တွေနဲ့ပဲ အိပ်ရာနိုးတတ်ခဲ့တာ
ငါ နင့်အပေါ် အားကိုးနေတာမဟုတ်ပါဘူး………..
နင့်ဂရုစိုက်မှုတွေကို မြတ်နိုးတတ်ခဲ့တာပါ ……….။
ခဏခဏ ဖုန်းခေါ်တတ်ခဲ့တာ စာပို့တတ်ခဲ့တာက
မယုံကြည်လို့ မဟုတ်ပါဘူး......
သတိရလို့ နင့်အသံကို ကြားချင်လို့ပါ .................။
နင်ရေးတတ်တဲ့ ဆိုပြတတ်တဲ့ သီချင်းတွေတိုင်းကို
ဘာမှ မဝေဖန်တာက .... ငါဘာမှ မသိလို့ မဟုတ်ပါဘူး.....
နင်ဆိုသမျှ..ရေးသမျှကို ....... ငါအကောင်းချည်းမြင်နေတတ်လို့ပါ ......။
ငါရေးသမျှ စာတွေ ကဗျာတွေကို နင့်ကို မပြောပြဖြစ်တာက
လျှို့ဝှက်ထားတာ မဟုတ်ပါဘူး ....
နင့်အကြောင်းချည်း များများဆိုတော့ .... နင်လှောင်ရယ်မှာ ကြောက်မိလို့ပါ ......။
&&&..............................................................&&&
ရေးချင်ရာ ရေးတယ်ဆိုပြီး..... Galaxy S3 ပုံတင်ထားတာက
အကြောင်းအရာနဲ့တော့.... ဘာမှ မဆိုင်ပါဘူး.....
အခုတလော ကျမ ရူးနေတဲ့ ဖုန်းဖြစ်နေလို့ပါ .........။
ခဏခဏပို့စ်တွေတော့ တင်ဖြစ်ပြီး အိမ်လည်ဖို့ ပျက်ကွက်နေတာက
ဘာမှတော့ မဟုတ်ပါဘူး........
ပင်ပန်းတဲ့အချိန် အပျင်းပြေကဗျာရေးတတ်ပြီး
တကယ်အလုပ်ရှုပ်နေလို့ပါ ....... :D
...............................................................................................................
အားလုံးပျော်ရွှင်စေဖို့ ဆုတောင်းပေးပါတယ် ....ရေးထားတာက တော်တော်များများရေးတတ်တဲ့ ကဗျာပုံစံနဲ့တော့ တိုက်ဆိုင်နေတယ်...။ အကြောင်းအရာတွေတော့ မတိုက်ဆိုင်လောက်ဘူးထင်ပါတယ် .....။






