- ဒီကမ္ဘာကြီးပေါ်မှာ.. သင့်အတွက် အသက်ပေးနိုင်တယ်ဆိုတဲ့.. လူသားနှစ်ယောက်၊ သင်အသက်ပေးနိုင်လောက်အောင် ချစ်တဲ့ လူနှစ်ယောက်တော့ အနည်းဆုံးရှိပါတယ်..။
- ဒီကမ္ဘာပေါ်မှာ.. အနည်းဆုံး လူ ၁၅ ယောက်လောက်ကတော့… သင့်ကို ဘယ်လိုပဲဖြစ်ဖြစ်.. ဘယ်အခြေအနေမျိုးပဲရောက်ရောက် ချစ်နေကြဆဲပါ..။
- သင့်ကိုမုန်းတယ်ဆိုတဲ့လူတွေရဲ့ တစ်ခုတည်းသော အကြောင်းပြချက်က.. သူတို့က သင့်လိုဖြစ်ချင်ပြီး.. မနာလိုစိတ်ကြောင့်ပါ..။
- သင့်ရဲ့ အပြုံးတစ်ပွင့်က… ဘယ်သူ့ကိုမဆို.. သင့်ကို မနှစ်သက်ဘူးဆိုတဲ့သူတွေအတွက်တောင်မှ.. သူတို့အတွက် ပျော်ရွှင်မှုတွေ.. ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်… (များများပြုံးဖို့တော့.. လိုလိမ့်မယ်နော်..:D :D :D)
- ညတိုင်းလိုလို…. သူမအိပ်စက်ခင်အချိန်လေးမှာ…. သင့်အကြောင်းတွေးနေတဲ့သူ တစ်ယောက်ယောက် ကတော့.. သေချာပေါက်ရှိနေတယ်…♥ ♥ ♥ ♥ (သူ့ဘက်ကတော့ မသိဘူး.. ကိုယ့်ဘက်ကတော့ သေချာတယ်.. ;D )
- သင်က တစ်စုံတစ်ယောက်အတွက်… ကမ္ဘာကြီးတစ်ခုလောက်.. သေချာပြောရရင်.. စကြာဝဠာကြီးတစ်ခုလောက် ပမာဏအထိ ကြီးကျယ်အရေးပါတယ်ဆိုတာ မမေ့ပါနဲ့.. ♥ ♥ ♥ ♥ ♥
- သင်ကသင်ပါပဲ..။ ဘယ်သူမှ သင့်ကို လိုက်တုပလို့မရအောင်.. သီးသန့်ဖြစ်တည်မှုတွေ.. ပိုင်ဆိုင်မှုတွေရှိတယ်.။ .. ဒီကမ္ဘာပေါ်မှာရှိတဲ့.. ဘယ်သူမှ သင့်နဲ့.. ထပ်တူညီတယ်… လုံးဝချွတ်စွပ်တူတယ်ဆိုတာ မရှိပဲ.. သင့်ကိုယ်ပိုင်အရည်အချင်း.. သင့်လုပ်ရည်ကိုင်ရည်.. စိတ်နေစိတ်ထား၊ မျိုးရိုးဗီဇ၊ အတွေးအခေါ်တွေဟာ.. တစ်ခြားသူတွေနဲ့.. လုံးဝထပ်တူမကျပဲ.. တစ်မူထူးခြားတယ်ဆိုတာ.. အသေအချာပါပဲ..။ သင့်မှာ. သူများတွေ မတတ်နိုင်မလုပ်နိုင်.. မတွေးခေါ်နိုင်တဲ့.. ကိုယ်ပိုင်အတွေးအခေါ်အရည်အချင်း အစွမ်းအစတွေ ရှိတယ်…..။
- သူရှိနေတယ်ဆိုတာကိုတောင် သင်မသိတဲ့.. တစ်စုံတစ်ယောက်ကလည်း.. သင့်ကို ချစ်နေတာမျိုးရှိတတ်ပါတယ်..။ (ဟုတ်မှာပါလေ.. NewMoon မင်းသား Taylor Lautner ဆို သူ့ကို နာအရမ်းသဘောကျတယ်ဆိုတာ ဘယ်လိုမှတောင် သိမှာမဟုတ်ဖူး.. :( )
- အကြီးကျယ်ဆုံးအမှားကြီးတစ်ခုခုကို သင်ကျူးလွန်ခဲ့မယ်ဆိုတဲ့အချိန်မှာတောင်… စိတ်ဓါတ်ကျစရာ မလိုပါဘူး..။ အမှားကနေ.. ကောင်းမွန်တဲ့အရာတစ်ခုခု.. သင်တွေ့ရှိနိုင်လို့ပါ..။ ဥပမာ.. သင်ခန်းစာ တစ်ခုခုပဲဖြစ်ဖြစ်ပေါ့..။ အမှားတိုင်းကလည်း အဆိုးတွေချည်း မလာနိုင်ပါဘူး… အမှားသိမှ.. အမှန်ဆိုတာ… သိလာရတာပါ..။
- လောကကြီးက သင့်ကိုကျောခိုင်းထားတယ်လို့ထင်တဲ့အချိန်မှာ.. တစ်ခြားနေရာတွေကို ကြည့်လိုက်ပါ..။ သင့်ကို ဥပေက္ခာမပြုဘဲ.. ကျောခိုင်းခြင်းမရှိတဲ့.. နေရာတွေလည်းရှိပါသေးတယ်..။
- သင်လက်ခံရရှိတဲ့.. နှစ်သိမ့်မှုတွေ.. အပြုသဘောအကြံပေးမှုတွေ.. စေတနာတွေကိုပဲ.. အမြဲသတိ တရရှိပါစေ..။ ဆိုးရွားရက်စက်တဲ့.. ရိုင်းစိုင်းတဲ့. ဝေဖန်မှုတွေ မှတ်ချက်တွေ ကို မေ့ပစ်လိုက်နိုင်ပါစေ..။
- ဘ၀က.. သံပုရာသီးလေးတွေလို.. ချဉ်ဖြုံးဖြုံးဒုက္ခတွေ သင့်ကိုပေးခဲ့မယ်ဆိုရင်.. သူတို့တွေ ပိုမိုချိုမြသွားစေဖို့.. ဝေမျှခံစားပေးမယ့်.. သကြားနဲ့တူတဲ့.. သူငယ်ချင်းတွေရှိပါတယ်..။
- သူငယ်ချင်းကောင်းဆိုတာ ကောင်းကင်က လင်းလက်လှပနေတဲ့ကြယ်လေးတွေနဲ့တူတယ်..။ သင်သူတို့ကို.. အမြဲမမြင်တွေ့နိုင်ပေမယ့်.. သူတို့ကောင်းကင်ကြီးထဲမှာ.. ရှိနေတယ်ဆိုတာ.. သင်သိထားသလိုပဲ.. သင်အချိန်တိုင်းတော့ မသိနိုင်ပေမယ့်.. သူငယ်ချင်းကောင်းဆိုတာလဲ.. သင့်အတွက်.. အမြဲတမ်းရှိနေတတ်ပါတယ်..။
- ဘုရားသခင်က တံခါးတစ်ချပ်ကို ပိတ်ထားတဲ့အချိန်တိုင်း… တစ်ခါတစ်လေမှာ.. ဒုက္ခတွေ အပြည့်နဲ့လို့.. တွေးမိစေနိုင်တယ်ဆိုရင်တောင် သင်ကျော်ဖြတ်နိုင်မယ့်.. နောက်ထပ်တံခါးတံချပ်ကို ဖွင့်ထားတတ်တယ်ဆိုတာ မမေ့ပါနဲ့..။
- လူတစ်ယောက် လောကကြီးထဲက ထွက်ခွာသွားတဲ့အချိန်မှာ..ရရှိလေ့ရှိတဲ့.. ကျန်ရစ်သူတွေရဲ့ ငိုကြွေးမှုတွေ.. ကြီးမားတဲ့ ချစ်ခြင်းမေတ္တာတွေ.. လွမ်းဆွေးတမ်းတမှုတွေထက်.. အသက်ရှင်သန်နေတုန်းမှာ… ချစ်တဲ့သူတွေ.. သူငယ်ချင်းတွေဆီကရမယ့် ကြင်နာတဲ့စကားလေးတစ်ခွန်း .. နှင်းဆီပွင့်လေးတစ်ပွင့်က သူ့ကို ပိုပျော်ရွှင်စေပါလိမ့်မယ်..။
အဲဒါကြောင့်… ဒီအချိန်မှာပဲ.. သင်ချစ်တဲ့သူကို.. ချစ်တယ်ဆိုတာ ဖွင့်ပြောလိုက်ပါ..။ စောသေးတယ်ဆိုတာ မရှိပါဘူး..။ လက်ရှိအချိန်က အကောင်းဆုံးအချိန်ပါပဲ..။ သူ့ကိုကြင်နာတဲ့စကားတွေ၊ တန်ဖိုးမရှိပေမယ့်.. သူအံ့သြဝမ်းသာသွားစေနိုင်တဲ့.. ချစ်စရာ လက်ဆောင်လေးတွေ.. ဖန်တီးပေးလိုက်ပါ..။ သူပျော်တာက သင်ပျော်တာနဲ့.. ထပ်တူထပ်မျှဖြစ်ပြီး.. သင်လည်း ပျော်ရွှင်လာကာ.. လောကကြီးက.. ပိုမိုလှပလာပါလိမ့်မယ်..♥ ♥ ♥
သင်ချစ်တဲ့သူတွေအတွက်… သူတို့ရဲ့.. သံပုရာသီးနဲ့တူတဲ့… အခက်အခဲတွေကို .. ဖြေလျော့မျှဝေခံစားနိုင် တဲ့.. သကြားပွင့်လေးတစ်ပွင့်အဖြစ် ရပ်တည်ပေးနိုင်ရင်.. သင့်အတွက်လည်း… ချိုမြတဲ့ သကြားပွင့်လေးတွေ အဖြစ်.. သူတို့ကလည်း.. တစ်ဖန်ပြန်ဖြစ်သွားနိုင်ပါလိမ့်မယ်.. ♥♥ ♥ ♥♥
LEMONS and SUGAR
This should probably be taped to your bathroom mirror
where one could read it every day.
You may not realize it, but it's 100% true.
1. There are at least two people in this world
that you would die for.
2. At least 15 people in this world
love you in some way.
3. The only reason anyone would ever hate you
is because they want to be just like you.
4. A smile from you can bring happiness to anyone,
even if they don't like you.
5. Every night, SOMEONE thinks about you
before they go to sleep.
6. You mean the world to someone.
7. You are special and unique.
8. Someone that you don't even know exists loves you.
9. When you make the biggest mistake ever,
something good comes from it.
10. When you think the world has turned its back on you
take another look.
11. Always remember the compliments you received.
Forget about the rude remarks.
And always remember....
when life hands you Lemons,
ask for Sugar and call me over!
Good friends are like stars.
You don't always see them,
But you know they are always there.
'Whenever God Closes One Door He Always Opens Another, Even Though
Sometimes It's Hell in the Hallway'
I would rather have one rose and a kind word
from a friend while I'm here
than a whole truckload when I'm gone.
အင်တာနက်မှာတွေ့တဲ့ စာတစ်ပုဒ်ကို ဘာသာပြန်ပြီး.. မျှဝေခြင်းပါ..။ ဒါကို အင်္ဂလိပ်လို.. Forward Mail ထဲကနေလည်း ရဖူးပါတယ်..။ မြန်မာလို.. ဘာသာပြန်ပြီး.. ဖေ့ဘုတ်မှာ.. သူများတွေ ရှယ်ကြတာလည်း တွေ့ဖူးတယ်...။ တော်တော်များများတော့.. သိဖူးပြီးသားပါ..။ ဒါပေမယ့်.. ကြိုက်လို့.. သူ့ရဲ့မူရင်းလင့်ကို.. ရှာပြီး.. ဘာသာပြန်ဖြစ်လိုက်တာပါ..။ နောက်ဆုံးပိုဒ်ကတော့. Own Tune ပါ..။ မူနေတဲ့ ကိုကိုမမများအတွက်.. အားပေးအားမြှောက်အနေနဲ့ရော.. ထည့်ရေးလိုက်တာဖြစ်ပါတယ်.. xD
:D.. တစ်ခြားသူတွေအားလုံးသိပြီး.. ရိုးအီနေမှ.. ခပ်တည်တည်နဲ့.. ကျမက.. အခုမှ.. အဆန်းတကြယ် .. ဘာသာတွေပြန်ပြီး.. ဘလော့ပေါ်မှာတင်နေတယ်.. ဒါပေမယ့်.. ဒီစာစုလေးက.. အမှန်တရားတွေကို.. ရေးသားထားတာက ကျမအတွက်. ဘယ်တော့မှ ရိုးသွားမှာမဟုတ်လို့.. မပျောက်ပျက်သွားအောင်.. ကြိုက်တဲ့စာစုလေးကို.. အမှတ်တရအနေနဲ့.. ကျမချစ်တဲ့ဘလော့လေးပေါ်မှာ. မှတ်တမ်းတင်ထားချင်တဲ့. စိတ်ကူးနဲ့ပါ..။ အောက်မှာ. မူရင်းလင့်လေးပေးထားပါတယ်..။
Ref: http://www.topix.com/forum/city/burkesville-ky/TFMOVEARO1220BLJ1
Photo Credit goes to spicestationsilverlake.com
Thanks to everyone... Wishing you all enjoy your time.. happilyyyyyyyyyyyy ♥ ♥ ♥ ♥
8 comments:
မှတ်သားသွားပါတယ်ဗျာ...
ကျေးဇူး အမ....:)
စာလုံးလေးတွေက ဘာလို့သေးနေလဲမတိဝူး.. ပြန်ပြင်ရမှာလဲပျင်းတယ်.. Justify တော်တော်ဒုက္ခပေးတယ်.. :)
ရင်သပ်ရှုမောဖွယ်ပါပဲ..အစ်မ.. တစ်ချို့အချက်လေးတွေမှာ အလိုလို ပြုံးမိသွားတယ်.။ နောင်လည်း ဒီလို စာအလန်းလေးတွေရေးပေးဦးနော်.။
ဖတ်သွားတယ်ညီမရေ...အားတက်စရာလေးတွေပါ..
အရမ်းကောင်းတယ်ဗျာ
ဖတ်လို့လဲကောင်းတယ်မှတ်သားလို့လဲရတယ်
အားလုံးအတွက်လဲ အသုံးဝင်တယ်
စာလေးကောင်းတယ် မှတ်သားသွားပါတယ် ချနိုး...
အဲ စာကောင်းလေးတွေ.. စနိုးရေ..
ဒါမျိုး စိတ်အားပေးတဲ့ စာလေးတွေ ဝေမျှပေးတာ ကျေးဇူး
အိမ်မက်
Post a Comment