ဒီအတောအတွင်း.. ဘာတွေများ စုဆောင်းမိသလဲဆိုရင်တော့.. တော်တော်များများတော့ စုမိနေပါပြီ... :)
ပထမဆုံး စုမိတာကတော့... အလွမ်းတွေပေါ့.. မိဘတွေ.. မောင်နှမတွေ. သူငယ်ချင်းတွေ.. မြန်မာအစားအစာတွေ.. အားလုံးအားလုံးကို အရမ်းလွမ်းတယ်....။
ပြီးတော့.. ဦးနှောက်ထဲမှာ... စာတွေလည်း တော်တော်စုမိနေပြီးတော့.. နောက်တစ်နှစ်လောက်ဆိုရင်တော့ နောက်မှာ အမြီးတစ်ခု ထပ်တပ်လို့ ရတော့မှာပေါ့လေ...။
နိုင်ငံတစ်ကာက သူငယ်ချင်းတွေရဲ့ ခင်မင်မှုတွေ.. မတူညီတဲ့အတွေးအခေါ်တွေ.. ယဉ်ကျေးမှုတွေ.. ဓလေ့ထုံးစံတွေ..ဒါပေမယ့် တူညီတာတစ်ခုအနေနဲ့ကတော့.. တစ်ယောက်ကိုတစ်ယောက်.. ရိုင်းပင်းကူညီတတ်ကြတဲ့.. ရိုးသားတဲ့ခင်မင်မှုတွေလည်း ... တော်တော်များများ တွေ့ခဲ့ရပါပြီ...။ နေရာဒေသတွေအမျိုးမျိုးက ရောက်လာကြပေမယ့်လည်း ဒီတစ်နေရာထဲမှာ.. အတူတကွ.. ပညာသင်လာကြတဲ့အချိန်မှာ.. လူဖြူလူမည်းခွဲခြားပြီး.. နှိမ့်ချပြောဆိုနေစရာတော့ လိုမယ်မထင်ဘူးလေ..။
တစ်ရက်က Bulgaria ကသူငယ်ချင်းကောင်မလေးတစ်ယောက်နဲ့ မြို့တစ်မြို့ကို သွားလည်ကြတယ်..။ သူက ဓါတ်ပုံရိုက်ရင် ချစ်စရာကောင်းတဲ့ ပုံစံလုပ်တာလည်း မဟုတ်.. ပုံမှန်အတိုင်းနေတာလည်း မဟုတ်ဘဲ... ကို့ရိုးကားရား. လက်ကားရားခြေကားရားတွေနဲ့ သရုပ်ဆောင်တတ်တယ်..။ ရယ်ချင်ပေမယ့်.. ဒါလည်း သူ့ရွေးချယ်မှု သူ့အကြိုက်ပဲဆိုတော့... မရယ်ဘဲ သူ့စိတ်ကြိုက် ရိုက်ပေးလိုက်ပါတယ်..။ အဲဒါကို သူက ထူးဆန်းပြီးတော့.. ငါဓါတ်ပုံရိုက်ခံတဲ့ ပုံစံကို ဘာလို့ မရယ်တာလဲတဲ့.. တစ်ခြားသူငယ်ချင်းတွေဆိုရင်.. သူကရှေ့က အဲလို သရုပ်ဆောင်လိုက်ပြီဆိုတာနဲ့ ရယ်ကြတယ်တဲ့.. သူ့ကို Crazy လို့ပြောကြတယ်ဆိုပြီး ပြောပြပါတယ်..။ အဲဒါနဲ့.. လူတိုင်းကတော့.. တစ်ခုခုမှာတော့ Crazy ဖြစ်ကြတာပါပဲလို့.. အဲဒါကို ကိုယ်နဲ့ မတူတိုင်း သူက ပုံမှန်မဟုတ်ဘူးလို့ အပြစ်ပြောဖို့ဆိုတာ မဖြစ်သင့်ဘူးလေ လို့ ပြန်ရှင်းပြလိုက်ပါတယ်..။
အဲသလိုပါပဲ.. ကျမမှာလည်း Crazy Manner တစ်ခုခုတော့ ရှိမှာပါပဲ.. အဲဒီထဲက တစ်ခုကတော့.. ရောက်ဖူးတဲ့နိုင်ငံတွေက ငွေကြေးတစ်ချို့ကို အမှတ်တရ သိမ်းထားတတ်တာလည်း တစ်ခုအပါအ၀င်ပါပဲ..။ တစ်ချို့သူတွေ... တံဆိပ်ခေါင်းစုတာ ၀ါသနာပါသလိုမျိုးပေါ့..။
လောလောဆယ် .. စုဆောင်းမိတာတစ်ခုကတော့.. Google Icon တွေပါ.. Icon လို့ ခေါ်မလား Logo လို့ခေါ်မလားတော့ သေချာမသိဘူး.. Google Home Page က ပုံတွေ စုတာ တော်တော် ၀ါသနာပါတယ်..။ တစ်ခါတစ်လေ ဒီနေ့ ဂူလ်ဂဲက ဘာပုံလေးများ အသစ်တင်မှာပါလိမ့်ဆိုပြီးတော့ စောင့်ကြည့်နေမိတာတောင် ရှိပါတယ်...။ အထိမ်းအမှတ်နေ့ တစ်ခုခုပဲ ဖြစ်ဖြစ်.. ကျော်ကြားတဲ့.. အများကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့နေ့တွေမှာဖြစ်ဖြစ် Icon အသစ်တွေ တင်လေ့ရှိပါတယ်..။ အောက်မှာ စုထားသမျှ ပုံလေးတွေကို မျှဝေထားပါတယ်.. :)
Thomas Edison's 164th Birthday Google Icon Today.. February 11
Google icon of Harry Haudini's 137th Birthday today... March 24
Google icon for Thai Elephant Day.. March 13
Google Icon for 450th Anniversary of St.Basil's Cathedral (12.7.2011)
Google Icon for Gregor Mendel's 189th Birthday who is the influential figure in the study of genetics...... 20th July(I like it bcoz I am crazy to study genetics)
November 8
Valentines Day Google Icon
( I don't like it xo much cox I think it's not lovely to be compatible with romantic Valentines' Day)
Happy Leap Day!! February 29 !!!!!!!!! I like it xo xo much!!!
အိုရီဂါ :)
ဒါကတော့ ဘယ်တော့မှ မရိုးတဲ့ Google ရဲ့ ပင်တိုင် လိုဂိုပေါ့.. ။
အခုတလောတော့ ဘာအထိမ်းအမှတ်မှ သိပ်မရှိလို့လားမသိဘူး.. ။ လိုဂိုဆန်းဆန်းလေးတွေ မတင်တာကြာနေသလိုပဲ..။
တစ်ချို့လိုဂိုတွေမှာတော့.. သူတို့ပြောထားတဲ့ နေ့တွေအကြောင်း မှတ်ထားဖြစ်တယ်.. တစ်ချို့လိုဂိုတွေ အတွက်တော့ မှတ်မထားမိဘူး..။ ကြားထဲမှာ မသိမ်းဖြစ်လိုက်တဲ့ လိုဂိုလှလှလေးတွေလည်း ရှိသေးတယ်..။
ဒီလောက်ဆိုရင်တော့ စုဆောင်းမိသမျှ သိလောက်ပြီထင်ပါတယ်.. :)
Am I Crazy ???? :P :P
Not Yet !!!! :D
Anyway,,,, Thank you very much for getting a chance to share my lovely collections...!!!
Wishing you all have lovely and happy hours all the time..!!
8 comments:
တစ်ယောက်တမျိုးပေါ့ စနိုးရေ
စုဆောင်ထားတာလေးတွေကြည့်သွားပါတယ် :D
ပုံလေးတွေကူးသွားတယ်ခင်ဗျ
ကြိုက်တဲ့ပုံလေးတွေယူသွားတယ်နော်
နောက်မှာ အမြီးတစ်ခုမဟုတ်ပဲ
အမြီးတွေ အများကြီးရပါစေလို့
ပုံလေးတွေကောင်းတယ်အစ်မ. .. ကျွန်တော်လည်းသတိထားမိပါတယ်..။ သောမတ်စ်အယ်ဒီဆင် ပုံလေးသဘောကျတယ်.။
ကြည့်ရှုသွားပါတယ်ဗျာ...:)
နာက"စုဆောင်းမိသမျှဆို"တော့ ဘာတွေလည်းလို့ပေါ့ နောက်ပြီး google ကပုံတွေဖြစ်နေပါလား လူတိုင်းဟာ နည်းနည်းတော့ ရူးကြတာပဲ နာလည်းအတူတူပဲ...လွမ်းကျဟေ့...နည်းနည်းလွမ်း အများကြီးလွမ်း ပိုးဆိုးပတ်ဆက်လွမ်း...
လူတိုင်းက ကိုယ့်ဝါသနာနဲ့ကိုယ်ပါပဲ
ကျွန်တော်လည်း စုရဆောင်းရတာဝါသနာပါပါတယ်
အခွေတွေစုတယ်
စာအုပ်တွေစုတယ်
အခွေဆို ကာတွန်းခွေကအစ အကုန်စုတယ်
ဂစ်တာပုံလေးနဲ့ ဂူဂဲလ်လိုဂိုလေးရောသိလားမမ။ ဘာနေနေသိတဲ့မောင်ဂူးဂဲလ်လေးရဲ့ လိုဂိုတွေကို မှတ်မှတ်ရရသိမ်းထားတဲ့သူရှိတယ်
Post a Comment