Tuesday, 10 April 2012

# Days in Germany # Sharing

ရေပေါ်မှာ တည်ထားတဲ့မြို့ @ Hamburg


၉-၄-၂၀၁၂ ရက်နေ့က ဂျာမနီနိုင်ငံရဲ့ ထင်ရှားတဲ့မြို့တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ Hamburg မြို့ကို အလည်သွားခဲ့တယ်..။ ရထားက ၂ ဆင့်ပြောင်းစီးပြီး.. အဲဒီမြို့ကို ရောက်ဖို့အတွက် ၄ နာရီကြာပါတယ်..။ ဂျာမာန်လိုတော့ ဟမ်းဘွတ်ဂ်လို့အသံထွက်ပေမယ့်.. မြန်မာလိုတော့ ဟန်းဘတ်လို့ရေးကြတယ်။ Hamburg က ဥရောပတစ်ခွင်မှာ ဒုတိယအကြီးဆုံးဆိပ်ကမ်းမြို့ကြီးပါ..။ Elbe ဆိုတဲ့ မြစ်ပေါ်မှာ တည်ဆောက်ထားတာကြောင့်.. တစ်မြို့လုံးလိုလိုက တံတားတွေ..  ရေတွေနဲ့ပဲ ဆက်စပ်တည်ရှိနေကြတယ်..။ ကျမအထင်တော့ ဂျာမနီနိုင်ငံမှာ.. တံတားအများဆုံးတည်ရှိ တဲ့မြို့ဖြစ်မယ်ထင်တယ်..။ ဘယ်သွားသွား တံတားတွေနဲ့.. မြစ်ကမ်းပေါ်မှာ တည်ထားတဲ့ အဆောက်အဦတွေချည်းပါပဲ..။ တစ်ကယ်ကို ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့တစ်မြို့ပါ.။ 
 ဘူတာကနေ ထွက်ထွက်ချင်း မြို့ထဲကို ၀င်ခဲ့ကြတယ်..။

 ရေပေါ်မှာ တည်ထားတာဆိုတော့.. နေရာတိုင်းလိုလို ရေတွေနဲ့ပဲ အလှဆင်ထားတာ တွေ့ခဲ့ရပါတယ်..။
 ဒါကတော့ ဂျာမာန်လို Rathaus လို့ခေါ်ပြီး မြန်မာလိုတော့ မြို့တော်ခန်းမလို့ ခေါ်ပါတယ်..။ မြို့တိုင်းမှာ.. Rathaus ကို ခမ်းခမ်းနားနားတည်ဆောက်ထားကြတယ်..။ မြို့တော်တော်များများမှာတော့ Altes Rathaus (Old City Hall) နဲ့ neue Rathaus (new City Hall) ဆိုပြီး တွေ့ရလေ့ရှိတယ်..။ 

 Rathaus ရှေ့က သစ်ပင်တွေ တော်တော်ထူးဆန်းတယ်.. တစ်ခါမှ မမြင်ဖူးဘူး.. ဒဏ္ဏာရီဇာတ်ကားတွေထဲက အပင်တွေလိုပဲ.. ဘာပင်လို့လဲ မရေးထားဘူး.. 

 အတွင်းထဲက Decoration ပါ.. မင်္ဂလာဆောင်အခန်းအနားတွေဆိုရင်တော့ တော်တော်ခန့်ညားမှာပဲ :)
ကြေးတွေနဲ့ပဲ ပြင်ဆင်ထားတာလို့ပြောပါတယ်..။ တချို့တွေတော့ အဲဒီက ရေတွေ သောက်နေကြတယ်..။

ဘယ်နေရာသွားသွားတွေ့ရလေ့ရှိတဲ့ ဘဲတွေ ငန်းတွေပါ..။ 



ရေပေါ်က မြို့ရဲ့ မြင်ကွင်းတွေပါ..။ တံတားတွေကလည်း ပုံစံမျိုးစုံပဲ..။ 

ဒီဓါတ်ပုံကို ပြန်ကြည့်ပြီး အရမ်းကြိုက်တယ်.. ဓါတ်ပုံရိုက်တာ နည်းနည်း တိုးတက်လာပြီ :)


အရေးကြီးတဲ့ အခန်းရောက်ပါပြီ.. :)
ချစ်သူစုံတွဲတွေက တံတားတွေပေါ်မှာ နှစ်ယောက်အတူတူလာကြပြီး.. အဲဒီလိုသော့လေးတွေ ခတ်သွားကြတယ်..။ ပြီးရင် သော့တွေကို ရေထဲကို ပစ်ချလိုက်ကြပြီး.. သူတို့နှစ်ယောက်ရဲ့အချစ်တွေ ခိုင်မြဲစေဖို့ ဘယ်သူမှ ၀င်လာနှောင့်ယှက်ခြင်းမပြုနိုင်အောင်.. သော့ခတ်ထားကြခြင်းဖြစ်ပါသတဲ့.. :D
အခုဆိုရင် နိုင်ငံအတော်များများမှာ.. ဒီအလေ့အထကို တွေ့နေရသလိုပဲ..။ နှစ်တွေအများကြီးကြာပြီး.. သံချေးတွေတက်နေပြီဖြစ်တဲ့ သော့လေးတွေကို တွေ့တော့ အခုအချိန်မှာ.. အဲဒီသော့ပိုင်ရှင်ချစ်သူနှစ်ဦးရဲ့ အခြေအနေက ဘယ်လိုများလဲ.. သူတို့သစ္စာပြုခဲ့ကြဖူးသလိုပဲ မခွဲမခွာ အတူရှိနေကြသလား.. အချစ်သစ်တွေ ကိုယ်စီနဲ့ ဝေးကွာသွားကြပြီလား.. သိချင်လာသလိုပဲ..။ တကယ်သာ မခွဲမခွာရပဲ.. အချစ်တွေခိုင်မြဲနေကြဆဲပဲဆိုရင်တော့.. မြန်မာပြည်ပြန်ရောက်ရင် ဧရာဝတီတံတားတစ်စင်းစင်းပေါ်ကို နှစ်ယောက်အတူသွားပြီး.. သော့တွေအများကြီး ခတ်ပစ်ဦးမှပါပဲ :)





Martin Luther ရဲ့ ရုပ်ထုတဲ့..။ ဂျာမနီနိုင်ငံက ရုပ်တုတွေထားတာကို တော်တော်သဘောကျကြတယ်ထင်တယ်.. ။ နေရာတိုင်းလိုလိုမှာ ရုပ်တုတွေ တွေ့ရတတ်တယ်..။


ဥရောပရဲ့ ဒုတိယအကြီးဆုံးဆိပ်ကမ်းဖြစ်တဲ့ Hamburg Port မြင်ကွင်းတွေပါ..။
 ရေခဲမုန့်ကြီး.. အရမ်းသဘောကျတယ်.. :)

It's not me!! It's my friend . :)


 Monument တစ်ခုခုများလားလို့ .. မဟုတ်ပါဘူး.. ကော်ဖီဆိုင်ရဲ့ အလှဆင်ထားတဲ့ ရုပ်တုတစ်ခုပါ.. .


ခရီးစဉ်ပြီးပါပြီ. :)
မနေ့က ရာသီဥတုက တော်တော်ကို ဆိုးပါတယ်..။ အရင်နေ့ကတော့ နေသာတာကြောင့် သွားကြမယ်ဆိုပြီး သွားတဲ့နေ့မှ.. အရမ်းအေးပြီး တစ်နေကုန်မိုးရွာပါတယ်..။ ခန့်မှန်းရတော်တော်ခက်တဲ့ နွေဦးရာသီဥတုပါပဲ..။ သိပ်မပူတော့ပါဘူးဆိုပြီး Light Jacket ပဲ ၀တ်သွားမိပြီး.. ထီးလဲမပါတော့.. မိုးရွာထဲမှာ.. ခိုက်ခိုက်တုန်ပြီး သွားခဲ့ရတယ်..။ ဒီနေ့တော့... နေမကောင်းမဖြစ်လို့တော်ပါသေးရဲ့..။ ကင်မရာကလည်း တော်တော်သဘောကောင်းတယ်.။ မိုးရွာတဲ့ကြားက ရိုက်တာ ဘာမှ ဖြစ်မသွားဘူး.. :)
♥♥ ♥ .................................................................................. ♥♥ ♥

Thank you all for visit ♥♥ ♥

15 comments:

မင်းမုန်းတဲ့သူ said...

ဓါတ်ပုံလေးတွေကောင်းတယ်၊ အောက်ရေးထားတဲ့စာလေးတွေကဓါတ်ပုံလေးတွေကိုပိုပြီးအသက်ဝင်စေတယ်။ မြင်ရတဲ့မြင်ကွင်းလေးတွေကသပ်သပ်ရပ်ရပ်လေးတွေနော်။ ဗဟုသုတရစရာပို့စ်လေးပါစနိုး။

နွေလ said...

အရမ်းမိုက်တယ်
ဂျာမနီနိုင်ငံတောင် ရောက်သွားသလိုပဲဗျာ
ဓာတ်ပုံတင်ရတာ မောသွားမှာပဲ
ရော့ ရေသောက် ~~~~

pyaenyein said...

သူငယ်ချင်းက idea ကောင်းသားပဲ။ ဒီမှာက ရာသီဥတုကနှစ်ခုထဲရယ်။ နွေ၊မိုး။သော့ခတ်မယ်ဆိုရင်လဲ solo သော့ခလောက်နဲ့ဆိုသံချေးမတက်တော့ဘူးနော်။

ချစ်စံအိမ် said...

စနိုးလေးက ဂျာမနီကလား မမ အကိုတစ်ယောက်လည်းအဲမှာနေတယ်ကွယ်..
ဘာပဲဖြစ်ဖြစ်သူဆီကဓာတ်ပုံမရဖူးဘူး စနိုးတင်တော့သိရတာပေါ့
ကျေးကျေးနော် :)

အောင်အောင် said...

ချနိုးရေ ပုံတွေအရမ်းမိုက်တယ်...အခုလို ကိုမရောက်ဘူးတဲ့နိုင်ငံရဲ့ပုံလေးတွေကြည့်ရလို့ ကျေးဇူးပါ...သူငယ်ချင်းပျော်ရွှင်ပါစေ...ဧရာဝတီတံတားပေါ်မှာ အမြန်ဆုံးသော့လေး သွားခတ်နိုင်ပါစေ...

Unknown said...

တံတားပေါ်မှာ သော့ခတ်တဲ့ အလေ့အထလေးကိုတော့ မှတ်မိသွားပြီဗျ....:)

မိုးသက် said...

အစ်မ.. ရေ.. စာတွေရောပုံတွေရောက သိပ်ကိုကောင်းနေပြီ..။ သော့ခတ်ဖို့အတွေးလေးပေးလို့ကျေးဇူးနော်အစ်မ..။

ရင်ဆူး said...

Snow ရေ ငါလည်း ရှုပ်နေလို့ အခုမှရောက်လာတယ်......နင်တင်မှဘဲ ဟမ်းဘတ်ဆိုတာ ဘယ်လိုလဲဆိုတာ သိရတော့တယ်.....ကျေးဇူးပါဟာ....သော့ခတ်တဲ့တံတားတွေကတော့ နောက်ပိုင်းနိုင်ငံတော်တော်များများမှာတွေ့လာရတယ်....ဘယ်လိုကူးစက်လဲတော့မသိဘူး..နောက်လည်း မြန်မာနိုင်ငံမှာအဲလို့တံတား ဖြစ်လာရင် ဖြစ်လာဦးမှာ ....ခုကတည်းက သော့တွေများများစုထားပေါ့ဟာ......

မင်းအရိပ် said...

ကျွန်တော်ကတော့ ဟမ်းဘတ်ဆိုရင် ဘောလုံးအသင်းပဲ သိတာ၊ ဂျာမနီကမှန်းတော့ သိတယ်
ကိုယ်မသိတဲ့ နိုင်ငံအကြောင်းဆိုတော့ စိတ်ဝင်တစားဖတ်သွားပါတယ်ဗျ
အနောက်တိုင်းက အဲဒီသော့ခလောက်အလေ့အထတော့ သဘောကျတယ်။
မြန်မာနိုင်ငံမှာ (.....) + (.....) ဆိုပြီး တွေ့ကရာနေရာ လျှောက်ရေးတဲ့ အကျင့်နေရာမှာ အစားထိုးလို့ရရင်ကောင်းမယ်
ကိုယ်ကပဲ စ လုပ်ရမှာပဲ အဲ + စရာမှမရှိတာ
ကိုယ့်ဘာသာ အေးဆေးနေတာပဲ ကောင်းပါတယ်လေ :)

လွင်ပြင်လှိုင်းငယ် said...

ပုံတွေကော စာတွေကော အားလုံးကို သဘောကျတယ်။ရေခဲမုန့်ကိုလဲ သဘောကျတယ်
ကိုယ်ကြိုက်တဲ့မုန့်ကို ဟိ ။ မရောက်ဖူးတဲ့နေရာရောက်သွားရလို့ ကျေးဇူးပါ

Candy said...

သော့ခတ်တဲ့အလေ့အထလေးကို သဘောကျတယ်
ကော်ဖီဆိုင်ရဲ့ ရုပ်ထုကမိုက်တယ်နော်.. Coffee bean ပုံလေး :D
ဓာတ်ပုံတွေ Quality အရမ်းကောင်းတယ် သဘောကျတယ် မမစနိုး :D

Anonymous said...

SO CLEAN AND SO BEAUTIFUL! FANTASTIC AND AMAZING CITY! I LOVE IT! AND THANKS FOR SHARING!

စံပယ်ချို said...

သွားခွင့််ရှိမယ်ဆိုရင်တော့အဲဒီမြို့ကိုသွားချင်သေးတယ်
Hamburg ကိုလေ
ပုံတွေကလဲအရမ်းကိုလှတယ်

Anonymous said...

တခေါက်လောက်တော့ရောက်ဖူးချင်လိုက်တာ...
မြို့တော်ခန်းမက ကိုသဘောကျတယ် တော်တော်ခန်းနားတယ်
သော့ခတ်တဲ့ အလေ့အထက ဒီဘက်မှာလဲရှိတယ်...

Thu said...

မျက်စိလေးကောင်းတာနဲ့မွှေပြီ။:P
ဟမ်းဘတ်ကိုတစ်ခေါက်လောက်သွားရအောင်
မဖြူပြန်လိုက်ပို့ :D

Follow Us @soratemplates