အခု သိပြီးသားသူများရော.
မသိသေးမကြားဖူးသေးသောသူငယ်ချင်းများအတွက် ဂျာမနီနိုင်ငံမှာ ပညာသင်မယ်ဆိုရင်… ရနိုင်မယ့်
ပညာသင်ဆု (Scholarship) တစ်ခုအကြောင်းကို မိတ်ဆက်ပေးပါရစေ..။
အဲဒီပညာသင်ဆုကတော့
ဂျာမနီနိုင်ငံမှာသာမက ကမ္ဘာပေါ်မှာရှိတဲ့ ပညာသင်ဆုချီးမြှင့်ပေးအပ်တဲ့ အဖွဲ့အစည်းများစွာထဲမှာ
အကြီးဆုံးထဲက တစ်ခုလို့ပြောနိုင်တဲ့ DAAD ပညာသင်ဆုအကြောင်းဖြစ်ပါတယ်..။
DAAD ဆိုတာကတော့
ဂျာမာန်လိုဆိုရင် Deutscher Akademischer Austauschdienst ဖြစ်ပြီး အင်္ဂလိပ် လိုဆိုရင်
The German Academic Exchange Service ဖြစ်ပါတယ်…။ နှစ်စဉ်နှစ်တိုင်း DAAD ကနေပြီး
ကမ္ဘာတစ်ဝှမ်းလုံးမှာရှိကြတဲ့ ပညာထူးချွန်သူများအား Master Course, Doctorate
Course, Post doctorate Course, Research Grant အစရှိသဖြင့် ပညာသင်ဆုများအား ရွေးချယ်ချီးမြှင့်လာခဲ့တာ
ဖွဲ့စည်းခဲ့တဲ့ ၁၉၂၅ ခုနှစ်ကတည်းကဆိုတော့ နှစ်ပေါင်းအများကြီးကြာခဲ့ပြီဖြစ် ပါတယ်..
မိတ်ဆက်လိုက်တာ တော်တော်များသွားပြီ. စိတ်ဝင်စားသူများ
အသေးစိတ်ဖတ်ချင်ရင်တော့ www.daad.de မှာ လေ့လာနိုင် ပါတယ်..။
ကျမအဓိက မျှဝေချင်တဲ့အချက်က အခုအချိန်မှာ DAAD ကနေ လျှောက်ဖို့ကြေငြာထားသော
ဖွံ့ဖြိုး ဆဲနိုင်ငံများမှ ထူးချွန်ကျောင်းသားကျောင်းသူများအား ပေးအပ်မယ့် ပညာသင်ဆုတစ်ခုဖြစ်တဲ့
Postgraduate Courses for Professionals with
Relevance to Developing Countries အကြောင်းဖြစ်ပါတယ်.. ။ နှစ်စဉ်နှစ်တိုင်း တောင်အမေရိက၊
အာဖရိကနဲ့ အာရှက ကျောင်းသူကျောင်း သားများအား ရွေးချယ်ပေးအပ်ခြင်းဖြစ်ပါတယ်.. ။ လျှောက်နိုင်တဲ့ နယ်ပယ်များကတော့
Economic Sciences / Business Administration / • Political Economics
• Development Co-operation
• Engineering and Related Sciences
• Mathematics
• Regional Planning
• Agriculture and Forest Sciences
• Environmental Sciences
• Medicine and Public Health
• Veterinary Medicine
• Social Sciences and Education and Law
• Media Studies
တို့ပဲ ဖြစ်ပါတယ်..။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဂျာမာန်သံရုံးမှာ
၃၁-၇-၂၀၁၂ နောက်ဆုံး ထားပြီး လျှောက်နိုင်ပြီ ဖြစ်ပါတယ်..။ အင်္ဂလိပ်စာလိုအပ်ချက်ကတော့
IELTS band 6 or TOEFL 550 papar based score အနည်းဆုံးလိုအပ်ပါတယ်.. ။ ပြီးတော့
B.Sc တုန်းက အမှတ်ကောင်းကောင်းရထား မယ်.. ဆရာတစ်ယောက်နဲ့ လုပ်ငန်းခွင်က အဆင့်မြင့်အရာရှိတစ်ယောက်ယောက် ရဲ့
ထောက်ခံ စာကောင်းကောင်း လဲပါမယ်.. ကိုယ်လုပ်မယ့်နယ်ပယ်အတွက် Tentative research
proposal ကလည်း အဆင့်မြင့်မြင့်ကောင်းကောင်းရေးထားမယ်ဆိုရင် ရဖို့လွယ်ကူပါတယ်..။ စက်တင်ဘာလလယ်လောက်မှာ
သံရုံးကနေ လျှောက်လာတဲ့သူအားလုံးကို အင်တာဗျူးခေါ်ပါတယ်.. ပြီးတော့ အဲဒီအင်တာဗျူး မှာ
ဖြေဆိုတဲ့ရလဒ်နဲ့အတူ DAAD ကိုလျှောက်လွှာတွေအားလုံးကို ပို့ပါတယ်..။ ဒီဇင်ဘာလကုန်ခါ နီးလောက် ဆိုရင်
မိမိရွေးချယ်လျှောက်ထားခဲ့တဲ့ တက္ကသိုလ်မှ သက်ဆိုင်ရာပါမောက္ခမှ First Selection မှာ
ရွေးချယ်ခံရသောသူများကို တယ်လီဖုန်းအင်တာဗျူးလုပ်ပါတယ်..။ အဲဒီမှာ အကောင်းဆုံးဖြေဆိုနိုင် မယ်ဆိုရင်
Final Selection Announcement က ဇန်န၀ါရီလလယ်လောက်မှာ သိရပြီဖြစ်ပါတယ်..။ ကိုယ်လျှောက်တဲ့
Course က ဂျာမာန်လိုရော သင်ရမယ်ဆိုရင် Preparatory Language course ကို ၄ လ ခန့်တက်ရပါတယ်..။
English medium course ဆိုရင်တော့ German Preparatory Language course က ၂ လပဲတက်ရပါတယ်.။
Semester အစက အောက်တိုဘာလမှာ စလေ့ရှိတဲ့အတွက် တက်ရမယ့် Language course ပေါ်မှာမူတည်ပြီး
၂၀၁၃ ခုနှစ် ဇူလိုင် သို့မဟုတ် မေလမှာ ဂျာမနီကို လာရမှာဖြစ် ပါတယ်..။
ကျောင်းကိုသီးသန့်လျှောက်ဖို့မလိုပါဘူး.. DAAD ရဲ့
Application Form မှာ ကိုယ်စိတ်ဝင်စားတဲ့ Course ကို ရွေးချယ်ဖော်ပြရမှာပဲဖြစ်ပါတယ်..။
DAAD က ရွေးချယ်ပေးအပ်ထားတဲ့ မဟာဘွဲ့သင်တန်းတွေ အားလုံးက Internationally recognized
Master degree course တွေချည်းဖြစ်ပါတယ်..။ အခုပြောပြတဲ့ ပညာသင်ဆုနဲ့ပတ်သက်ပြီး အသေးစိတ်ကို DAAD Scholarship Handbook မှာ ဖတ်ရှုလေ့လာနိုင်ပါတယ်..။ ဖော်ပြပါ Course များစွာနဲ့ ပဲ မြန်မာနိုင်ငံ မှ နှစ်စဉ် ကျောင်းသားကျောင်းသူ ၂၀ မှ ၂၅ ဦးခန့် ဂျာမနီနိုင်ငံသို့ ပညာသင်ရောက် ရှိနေကြခြင်းဖြစ် ပါတယ်..။ တစ်ကယ်စိတ်ဝင်စားလို့ ကြိုးစားမယ်ဆိုရင် ရဖို့မခက်ခဲပါဘူး.. ပြီးတော့ ဒီပညာသင်ဆုနဲ့ဆိုရင် ဗီဇာရဖို့ကလည်း အလွန်လွယ်ကူပါတယ်.. ။
အခုတလောတော့ မြန်မာနိုင်ငံမှ လူငယ်များအတွက် နိုင်ငံတကာမှ ပညာရေးအခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာတာ တွေ့ရပါတယ်..။ AusAid Program လို့ခေါ်တဲ့ Australia မှ အဖွဲ့အစည်းတစ်ခုမှ လည်း မြန်မာလူငယ်များအတွက် သီးသန့်ခေါ်တဲ့ ၃၀-၄-၂၀၁၂ ရက်နောက်ဆုံးထားပြီး လျှောက်ရမယ့် ပညာသင်ဆုတစ်ခုအကြောင်းလဲ ကြားမိပါတယ်..။ နော်ဝေး၊ ဆွီဒင်အစရှိတဲ့နိုင်ငံများမှ ပညာသင်ဆုများကလည်း AIT, Thailand မှာတက်မယ့်မြန်မာကျောင်းသူကျောင်းသားများအတွက် လျှောက်လွှာတွေခေါ်နေတာလည်း လေ့လာသိရှိရပါတယ်..။
ဒီပို့စ်ကိုဖတ်ပြီး ကျမမိတ်ဆက်ပေးသော ပညာသင်ဆုကို လျှောက်ဖို့ စိတ်ဝင်စားသူများရှိပါက သိချင်တာရှိရင် ကွန်မန့်မှာ မေးနိုင်ပါတယ်.. ။ ကျမတတ်နိုင်သလောက် ကူညီပေးနိုင်ပါတယ်.. ။ လုပ်ငန်းခွင်မှ သူငယ်ချင်းများအတွက်တော့ ဗဟုသုတအဖြစ် လာရောက်ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..။
:D အားတုန်းအမြန်ရေးလိုက်တာ ပို့စ်က နောက်က ကျားလိုက်သလိုမျိုး ရေးထားသလားမှတ်ရပါတယ် :D
အားလုံးကို ကျေးဇူးတင်ပါတယ်.. ခင်မင်လေးစားလျက် ပျော်ရွှင်ကြပါစေရှင် :)
18 comments:
အားတုန်းရေးတဲ့ညီမရေ အားတုန်းလေးလေ့လာသွားပါတယ်။။
ညီမလေးစနိုးရေ
မကြီးလွမ်း ဗဟုသုတအနေနဲ့ လာဖတ်သွားတယ်။ ပညာရေးအကျိုးမပေးခဲ့တော့ ဘာမှမသိခဲ့ပါဘူး။ ဒါပေမဲ့ ညီမလေးခုလိုပြောပြတော့ ပါးစပ်လေးဖွင့်ပြီး...အော...လိုဘဲပြောလိုက်နိုင်တယ်။
ခုလို စေတနာရှေထား ပြန်လည်မျှဝေတဲ့ ညီမလေး ပျော်ရွှင်ပါစေ
ခင်မင်တဲ့
မကြီးလွမ်း
ပြန်ရောက်ရင် အဲ့မှာ နောက်တစ်ခါလာတက်မယ်..။
လေ့လာသွားတယ်နော် အမ ။
ညီမလေးစနိုးရေ
ညီမလေးစာကိုဖတ်ပြီး မမကျားတောင် မမတက်ခဲ.တဲ. Karlsruhe University ကိုလွမ်းလာပြီ။
မမကျားတို.တုန်းက ဘာသာစကားကို (၆)လ Freiburg မှာတက်၇တာလေ။ ၂၀၀၁ ခုနှစ်တုန်းကပေါ.။
Aufwiedersehen!!!!
ဂျာမနီရဲ့ ပညာရေးဗဟုတုတလေးကိုစိတ်ဝင်စားစွာဖတ်ခဲ့ပါတယ်
အင်းစနိုးရေ စကောလားရှစ်ကတော့ ကြိုးစားတဲ့သူတွေအတွက်ဘဲပေါ့နော်....ဘာပဲပြောပြော ခုလို လမ်းလေးတွေရှိတော့ ဒို့မြန်မာတွေ နိုင်ငံခြားဘွဲ့ရ ပညာတတ်များလာတာပေါ့ဟာ....၀မ်းသာစရာသတင်းပါဘဲ....
အခုလိုဝေမျှတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျာ။ကြော်ငြာတာလေးကလည်းကောင်း၊အရေသားလေးကလည်းကောင်း နောက်ဆို၇င်စနိုးကိုပဲလက်တို့လိုက်မယ်နော်
မမ တားတားတို့ လို ရည်စား၇ှိတဲ့သူတွေရော တက်လို့ ရလားဟင်
တားတားမိန်းမယူပြီးကျောင်းတက်ရင် ပိုတောင်အဆင်ပြေသေးတယ်.. DAAD က တစ်ခြားစကောလားရှစ်တွေနဲ့မတူတာက မိသားစုဘ၀ကိုလည်း ဦးစားပေးတယ်. မိသားစုရှိလို့ ခေါ်လာမယ်ဆိုရင် အိမ်ထောင်ဘက်အတွက် စရိတ်ရော၊ ဂျာမာန်စာတက်ဖို့စရိတ်တွေရော ကလေးစရိတ်ရော အားလုံးပေးပါတယ်ရှင် :D
စိတ်ဝင်စားသွားပြီ ချနိုးရေ စိတ်ပဲဝင်စားတာနော်..ဟဲ..ဟဲ
ဗဟုသုတရစေတဲ့ ပို့စ်ကောင်းလေးပါပဲ
စင်္ကာပူကနေ လျောက်တဲ့လူဆိုရင်ကောရနိုင်လား အမ
ဟာ့ဒ်ကော်ပီကျတော့ ရန်ကုန်သံရုံးကို ပို့ဘို့အချိန် အခက်အခဲ ရှိတယ်လေနော်
လူတွေ့ အင်တာဗျူးဆိုရင်လဲ ပြန်ဘို့ရှိသေးတယ်
ဖောင်တောင် မတင်ရသေးဘူး။ အင်တာဗျူးဖြေဘို့ စဉ်းစားနေတာ။ ဟားဟား
မန်မာနိုင်ငံသားပဲဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ဂျာမာန်သံရုံးကနေပဲ လျှောက်လွှာတင်ရမှာပါပဲ.. လျှောက်လွှာကို သံရုံးကို Hard Copy လှမ်းတင်တာက လူကြုံနဲ့ပဲဖြစ်ဖြစ် DHL or EMS နဲ့ပဲဖြစ်ဖြစ်ခက်ခဲမှာမဟုတ်ဘူး.ဘာဖြစ်လို့လဲဆိုတော့ Deadline က ၃၁-၇-၂၀၁၂ ရက်အထိပါ၊ အဓိကက အင်တာဗျူးဖြေတဲ့အချိန်ပြန်ဖို့က အရေးကြီးလိမ့်မယ်.။ ဘာဖြစ်လို့လဲဆိုတော့ အစ်မအတွေ့အကြုံအရဆိုရင် အဲဒီအင်တာဗျူးရလဒ်ကလဲ အရေးကြီးလို့ပါ.။ စင်သာပူရီယမ်ဖြစ်နေပြီဆိုရင်တော့ စင်ကာပူမှာရှိတဲ့ ဂျာမာန်သံရုံး (သို့) DAAD Regional Office ကနေလျှောက်ရင်တော့ အဆင်ပြေတာပေါ့
ဟုတ်ပါပြီ ညီမရေ.. လိုအပ်တဲ့သူတွေကို မျှပေးလိုက်မယ်..
ကိုရင်တို့ကတော့ လောကီပညာတွေနဲ့ မအပ်စပ်ဘူးမလား :D
by d way, စုဆောင်းမိသည်များ သဘောတယ်.. :)
လာအားပေးဖတ်ရှုသွားပါတယ်
ယူတတ်တဲ့သူတွေအတွက် အင်မတန်အကျိုးရှိမယ့် ပို့စ်လေးပါပဲ
စနိုးရေ၊ ကျေးဇူး။ ဒါပြီးရင်phD အတွက် လျှောက်ကြည့်ချင်တယ်။ နောက်နှစ်လောက်ပေါ့။ :)
ကောင်းတယ်မြတ်ကြည်ရေ..နောက်နှစ် PhD အတွက်လျှောက်ဖို့ကြိုးစားကြည့်ပါ.. နှစ်တိုင်း စက်တင်ဘာလနောက်ဆုံးပတ်ဆိုရင် သံရုံးမှာ Deadline ဖြစ်ပါတယ်.. ဒီမှာလည်း DAAD နဲ့ပဲ PhD တက်နေတဲ့သူတွေအများကြီးပဲ.
Post a Comment