Thursday, 26 April 2012

# Love Poems

မိနစ် vs စက္ကန့်


မိနစ်တွေထိုင်ရေတွက်နေတတ်တယ်တဲ့
အဲဒါဆိုရင်တော့ အချိန်တွေက ကြာသွားမှာပေါ့ ချစ်သူ
နေ့နဲ့တွက်ရင်တောင် ပြန်ဆုံရမယ့်ရက်တွေက
အဝေးကြီးလိုပါသေးတယ်…။

လနဲ့တွက်မယ်ဆိုလည်း လက်ဆယ်ချောင်းတောင် လောက်မှာမဟုတ်တော့
နင်ရင်မောမှာ စိုးရိမ်မိတယ်..

ဒါကြောင့် နှစ်တွေနဲ့ပဲ ရေတွက်ကြစို့လား
ဒါဆိုရင်…တစ်ဂဏန်းတောင်မပြည့်ပါဘူး…
ငါတို့ပြန်ဆုံကြဖို့……….. ♥♥ ♥♥ ♥♥

တစ်ကယ်တော့… မပြောခဲ့လို့သာပါ
ငါကတော့ တစ်စက္ကန့်ချင်း ရေတွက်နေမိသူတစ်ယောက်ပါ….။ 
 


 ♥♥.............................................................................................. ♥♥
(တခါတလေ မိနစ်တွေရေတွက်နေတတ်သော သူတစ်ယောက်အတွက် အမှတ်တရ)

9 comments:

စံပယ်ချို said...

မိနစ်တွေရေတွတ်နေတာ ဘူလဲ ပြောပြ

Snow May said...

♥♥ :P :P

ချစ်စံအိမ် said...

အင်းဟုတ်တယ် ညီမ နောက်ကိုမိနစ်တွေမရေတွတ်တော့ဘူးနော်
မေ့ထားလိုက်မယ်။။။ အချိန်တွေအများကြီးလိုသေးလို့လေ :P

မင်းမုန်းတဲ့သူ said...

ကောင်းပါရဲ့ဗျာ၊ မိနစ်တွေရေတွက်နေတဲ့သူနဲ့ ရင်မောမှာစိုးရိမ်တဲ့သူနဲ့
အမြန်ဆုံနိုင်ကြပါစေ

khin said...

တွက်ပုံတွက်နည်းတွေ တူတာကွက်တိဘဲ ဟိဟိ
၂၀၀၁ခုနှစ်တုန်းက မမကျားလည်း အဲလိုတွက်ခဲ.ဘူးတယ် ညလေးရေ

လွင်ပြင်လှိုင်းငယ် said...

မိနစ်တွေရေတွက်နေတာ ဘူလေးလဲဟင်

ရင်ဆူး said...

စနိုးရေ နင်ပြောမှဘဲ လနဲ့ရေတွက်မယ်ဆို ခြေရော လက်ရော တောင်သုံးလို့မလောက်ဘူး....ငါတော့ ဆယ်စုနှစ်နဲ့ဘဲ ရေတွက်ချင်လိုက်တာ....တစ်ခါတစ်လေ အချိန်တွေကို ကျော်လို့ရရင်ကောင်းမယ်နော်......

အလွမ်းမြို့ said...

ညီမလေးစနိုးရေ..မကြီးလွမ်း လာရောက်အားပေးကြောင်း..
ညီမလေးပျော်ရွှင်ပါစေ



ခင်မင်တဲ့
မကြီးလွမ်း

မိုးသူ(တောင်ကြီး) said...

ကဗျာလေးထဲ ကမိနစ်တွေရေတွက်နေသူ အစား
မိုးသူရင်မောလိုက်တာနော် ....
ကဗျာလေးထဲက မိနစ်တွေရေတွက်နေသူရဲ့ ဆန္ဒ
အမြန်ဆုံးပြည့်ဝနိုင်ပါစေ

ခင်တဲ့
မိုးသူ(တောင်ကြီး)

Follow Us @soratemplates