Sunday, 8 April 2012

# Food # Sharing

အချိုပွဲလွယ်လွယ်..☺☺


မနေ့က အချိန်ရတာနဲ့.. အာလူးဆနွင်းမကင်း လုပ်စားဖြစ်ပါတယ်..။ စာအုပ်ထဲကနည်းကိုကြည့်ပြီး လုပ်ကြည့်တာပါ..။ ငယ်ငယ်တုန်းက (ခုနှစ်တန်းလောက်တုန်းကဖြစ်မယ်) သူငယ်ချင်းတွေနဲ့.. မုန့်လုပ်နည်း စာအုပ်ကြည့်ပြီး လုပ်စားခဲ့ဖူးတယ်..။ ကလေးတုန်းကဆိုတော့.. မုန့်ဖြစ်တယ်ဆိုရုံဆိုပေမယ့်.. ကိုယ်လုပ်တာကိုယ်စားရတာဆိုတော့.. အရမ်းပျော်ခဲ့ရဖူးတယ်..။

သင်္ကြန်ဆိုရင်.. အိမ်မှာ မုန့်တစ်ခုခုလုပ်ပြီး.. အိမ်နီးချင်းတွေကိုလိုက်ဝေပြီး.. အလှူလုပ်လေ့ရှိတာကို.. သတိရမိပြီး... သင်္ကြန်ရက်တွင်းမှာအချိန်ရရင်.. မုန့်လုပ်ပြီး အလှူလုပ်ဖို့.. စိတ်ကူးလို့ အာလူးဆနွင်းမကင်းကို စမ်းလုပ်ကြည့်တာပါ..။ ကျမက အာလူးကို အရမ်းကြိုက်တာကြောင့်လည်း ပါပါတယ်..။ တကယ်လုပ်ကြည့်တော့ သိပ်မခက်ပါဘူး.. ကံကောင်းပြီး. ကောင်းကောင်းမွန်မွန် အရသာရှိရှိလေး ထွက်လာပါတယ်..။ အအေးခံထားပြီး.. ဒီနေ့မနက်. ဘုရားဆွမ်းတော်ကပ်ပါတယ်..။
မုန့်လုပ်နည်းကို မျှဝေဖို့စိတ်ကူးတော့ မဟုတ်ပါဘူးရှင်.. ဘာကြောင့်လည်းဆိုတော့.. ဒီလုပ်နည်းက လူတိုင်းလိုလို သိထားပြီးသားဆိုတော့... ကျမ ပထမဆုံးအောင်မြင်စွာ ဖန်တီးဖြစ်ခဲ့တဲ့ အချိုပွဲတစ်ခုကို.. မှတ်တမ်းတင်ခြင်းမျှသာပါ..။ မလုပ်ဖူးတဲ့သူတွေအတွက်.. အာလူးဆနွင်းမကင်းကို ကြိုက်တဲ့သူတွေအတွက်တော့ နည်းလမ်းတစ်ခုတော့ သိသွားတာပေါ့နော်..။ ကျမဆိုရင် အရမ်းကြိုက်တော့ မန္တလေးရောက်ဖြစ်ရင်.. ထိုးမုန့်ဆိုင်သွားပြီး... ဒါကိုပဲ အမြဲတမ်းဝယ်လေ့ရှိပါတယ်..။ 

လိုအပ်တဲ့ ပစ္စည်းများကို ပုံနဲ့တကွ ရှင်းပြသွားပါမယ်နော်။ ပထမဆုံး အာလူးသန့်သန့်တွေကို ကျက်တဲ့အထိ၊ နယ်လိုက်ရင် အလွယ်တကူကြေသွားမယ့် အနေအထားအထိ ပြုတ်ပေးရပါမယ်..။ 
ကျမကတော့ အာလူးအကြီး ၅ လုံး သုံးလိုက်တာ မုန့်တော်တော်များများ ရရှိပါတယ်.။။။



ပြီးတော့ ဂျုံမှုန့်အနုနဲ့ နွားနို့ လိုအပ်ပါတယ်..။ အာလူး ၅ လုံးအတွက် ဂျုံမှုန့်ကို ဇွန်းအကြီးနဲ့ ၆ ဇွန်းခန့်ထည့်ပါတယ်..။ နွားနို့ကတော့.. ဖန်ခွက်အလတ်နဲ့ ၃ ပုံ ၂ ပုံ ခန့်ပဲ ထည့်တာပါ..။
ပြီးတော့ သကြားကတော့ အချိုကြိုက်ရင် ကြိုက်သလောက်ထည့်လို့ရပါတယ်..။ ကျမကတော့ အချို သိပ်မကြိုက်လို့ နည်းနည်းပဲ ထည့်ထားတာပါ..။
 ဒါကတော့ Baking Powder ပါ..။
 ဒီပုံကတော့ ဆနွင်းမကင်းပေါ်က တင်မယ့် ဘိန်းစေ့မရှိလို့ အစားသုံးမယ့် flakes တွေပါ..။ ဒီမှာက ဘိန်းစေ့ကို ဘယ်လိုမေးပြီး ဘယ်နားက သွားဝယ်ရမှန်းမသိတော့.. မထည့်ဖြစ်ပါဘူး..။ မရှိတော့ ရှိတာနဲ့ အဆင်ပြေအောင် သုံးလိုက်ပါတယ်.. :)

ဒါကတော့ Light Butter ပါ..။ စားလည်း စားချင်တယ်.. အဆီတက်မှာလည်း ကြောက်တော့ light Butter ပဲ ၀ယ်ထည့်ပါတယ်..:)
ဒီမှာ ဈေးဝယ်ရတာကလည်း ဂျာမာန်စာတွေနဲ့ချည်းပဲ ရေးထားတော့ တစ်ခုခုဝယ်ချင်ပြီဆိုရင် Dictionary ထဲမှာ အရင်ကြည့်.. ရေးသွားပြီးမှ ရှာဝယ်ရပါတယ်.. .။ အဲဒါကလည်း အမြဲတမ်းလုပ်နေရတဲ့ အလုပ်တစ်ခုပါပဲ..။

 



အာလူးတွေ ကျက်သွားပြီဆို ရင် ကြေအောင် ချေပါတယ်.. ။ ပြီးရင် ဂျုံမှုန့်၊ နွားနို့၊ သကြား၊ ထောပတ်၊ ဆားနည်းနည်း၊ Baking powder ထည့်ပြီး သမအောင်နယ်ပါတယ်..။ မုန့်ဖုတ်မယ့်ဗန်း ကိုတော့ ပြန်ဆေးရသက်သာအောင် Aluminum Foil ခင်းလိုက်ပါတယ်..
ပြီးတော့ သမအောင်နယ်ထားတဲ့.. မုန့်နှစ်တွေကို ဆီသုတ်ထား တဲ့ဗန်းပေါ်မှာ.. ဖြန့်ခင်းလိုက်ပြီး အပေါ်က ထောပတ်သုတ်ပါတယ်။ ပြီးမှ Flakes တွေ နှံ့အောင် ဖြူးလိုက်ပါတယ်.. ။ ဒါဆိုရင်တော့ မုန့်ဖုတ်ဖို့ အဆင်သင့်ဖြစ်သွားပါပြီ။
ပြီးတာနဲ့ Electric Oven ထဲမှာ မိနစ် ၄၀ Timer ပေးပြီး ထည့်ထားလိုက်ရုံပါပဲ.. :)

ဒါကတော့ မိနစ် ၄၀ ကြာတဲ့အခါမှာ oven ထဲကနေ ထုတ်ပြီး ရလာတဲ့ ဆနွင်းမကင်းပါရှင်..။ ထောပတ်နံ့လေး တသင်းသင်းနဲ့ပါ..။ တစ်ချို့တော့ အုန်းနို့လည်း ထည့်တတ်ကြပါတယ်. ။ ကျမကတော့ အုန်းနို့နဲ့ သိပ်မတည့်လို့ မထည့်တာပါ.။ အဲဒါပါရင်တော့ ပိုမွှေးပါတယ်တဲ့..။ 
 ဒါကတော့.. အအေးခံပြီး ရလာတဲ့ အရသာရှိတဲ့ အာလူးဆနွင်းမကင်းဖြစ်ပါတယ်ရှင်..:D :D

ကော်ဖီခါးခါးနဲ့.. အာလူးဆနွင်းမကင်း ဆိမ့်ဆိမ့်လေးနဲ့.. မနက်စာ သုံးဆောင်တော့မှာ ဖြစ်ပါတယ်.. :)


အပေါ်က ဘုရားစင်
အောက်အဆင့်တွေက စာအုပ်စင်ပါ.. :)
















♥ .............................................................................
 
အားလုံးပဲ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့.. အောင်မြင်ပျော်ရွှင်ကြပါစေ

9 comments:

မိုးသက် said...

နာ့အစ်မက ဒါလည်းရတာပဲ.. ချားချင်တယ်..

နွေလ said...

ဝါးတီးဖွင့်သွားတယ် အစ်မရေ . . .
အခုလို ကျွေးတဲ့အတွက် ကျေးဇူးပါဗျာ

ချစ်စံအိမ် said...

စနိုးကဒါလည်းရတာပဲကို
ဝါသနာပါရင်ဖြစ်တယ် ညီမရေ
အမလည်းဒီရောက်မှ မတတ်တာတွေတတ်ကုန်တာ
မဆိုးဘူး ကိုယ်မှမလုပ်ချင်မစားရတော့ဘူးလေ
ဘယ်ရမလည်းရအောင်လုပ်တာပေါ့
ဘုန်းကြီးကျောင်းအလှူတွေရှိရင်တော့ မုန့်စုံပါတယ်..
စားသွားပါတယ်..

pyaenyein said...

စနိုေ၇ မင်းရဲ့အာလူးစနွင်မကင်းကစားလို့ကောင်းမဲ့ပုံပဲနော်။ကြည့်ရင်းနဲ့ဗိုက်တောင်စာလာပြီ၊။ bakingpowder ကိုလေမုန့်ဖုတ်တဲ့အခါသုံးမယ်ဆိုရင်လေ နည်းနည်းလေးပဲသုံးပါလား။သူ့ရဲ့အရသာကအရမ်းများရင်မုန့်တွေခါးတဲ့အရသာပါနိုင်သလားလို့ပါ။

Snow May said...

ဟိ.. ဟုတ်မှာ အဲဒါကြောင့် နည်းနည်း ခါးနေသလားလို့ဆိုပြီး ထင်နေတာ. အခုလို ပြောပြပေးတာ ကျေးဇူးပါ သူငယ်ချင်း :)

ရင်ဆူး said...

စနိုးရေ အာလူးဆနွင်းမကင်းလေး လာကြည့်သွားတယ်.......လုပ်နည်းလေးလည်းသိသွားတာပေါ့နော်.......နောက်မှ စမ်းကြည့်ဦးမယ်....ကျေးဇူးပါ..

စံပယ်ချို said...

ပုံကိုကြည့်ရတာအရသာရှိမယ့်ပုံပါပဲ
အားလူးနဲ့မစားဖူးဘူး နေကောင်းတဲ့အခါလုပ်စားကြည့်မယ်ဒီမှာတော့ဘိန်းစေ့ပေါတယ်

အောင်အောင် said...

ချနိုး နီကဒီလိုလည်းရတာပဲ...တော်တယ် အားလူးမကြိုက်ပေမဲ့ နည်းလေးမှတ်သွားတယ် မြန်မာပြည်ပြန်ရောက်ရင် အိမ်ကလူတွေကြွားရမယ် ဟဲ..ဟဲ..

Yoemyaykya said...

အာလူးဆနွင်းမကင်း အရမ်းကြိုက်တာ။လာစားတယ်။ နောက်ဆို သင်္ကြန်ကျရင် မုန့်အလှူလာခံမယ်။

Follow Us @soratemplates