Wednesday, 11 April 2012

# Days in Germany # My Own Feelings

My Wonderful Days Return Again ☺ ♥ ☺



မနက်ဖြန်ဆိုရင် သင်္ကြန်အကြိုနေ့ဆိုတော့ မြန်မာနှစ်သစ်မှာ အားလုံး စိတ်သစ်လူသစ် နဲ့  ဖြစ်ချင်တာအားလုံး ဖြစ်လာနိုင်ကြပြီး..ကျန်းမာပျော်ရွှင်အောင်မြင်စွာဖြင့်  ရောက်လာမယ့် နှစ်သစ်ကိုလည်း.. ကျော်ဖြတ်နိုင်ကြပါစေလို့.. ပထမဆုံး ဆုတောင်းပေးပါရစေရှင်.... ♥ ♥ ♥
Facebook မှာ သူငယ်ချင်းတစ်ယောက်ရှယ်ထားတဲ့ ဓါတ်ပုံကို ကူးယူပြီး ဒီနေ့ ဘလော့ကို လာကြတဲ့ သူငယ်ချင်း အစ်ကိုအစ်မ မောင်လေး ညီမလေးများကို ရေလောင်းလိုက်ပါတယ်.. :)

ဒီနေ့ ကျောင်းပြန်ဖွင့်လို့ ပထမဆုံး အတန်းပြန်တက်ရပါပြီ..။ လောလောဆယ်တော့ စာရေး စာဖတ်နိုင်ပါသေးတယ်..။ နောက်ပိုင်း စာမေးပွဲနီးလာရင်တော့.. ဒီလို အချိန်ပေးနိုင်ပါတော့မလားဆိုတာတော့ မသေချာတော့ပါဘူး..။
၈-၃-၂၀၁၂ ရက်ကနေ ၁၀-၄-၂၀၁၂ ရက်နေ့အထိ တစ်လလောက်ကျောင်းပိတ်ထားတဲ့အချိန်အတွင်း.. ကျမလုပ်မယ်လို့ စိတ်ကူးထားတာမှန်သမျှ ဆောင်ရွက်နိုင်ခဲ့ပါတယ်..။ ကျောင်းဖွင့်တုန်းက မဖတ်ဖြစ်လိုက်တဲ့ စာအုပ်တွေ.. အထူးသဖြင့် Bermeseclasssic ကနေ တာရာမင်းဝေ နဲ့ ဆရာမကြီး ကြည်အေးရဲ့ စာအုပ်တွေ ဖတ်ဖြစ်တယ်..။ ပြီးတော့.. Shwe Video က မြန်မာဇာတ်ကားအတော်များများ ကြည့်ဖြစ်တယ်..။ ကြည့်ဖြစ်တဲ့ကားတွေထဲမှာ.. ဘာမီတွန် ဆိုတဲ့ ဇာတ်ကားကို အကြိုက်ဆုံးပဲ.. ရယ်လဲရယ်ရတယ်.. မင်းသမီးသက်မွန်မြင့်ကိုလည်း ကြိုက်တယ်.. :)

အကောင်းဆုံးအမြတ်ထွက်တာတစ်ခုက ဒီဘလော့ကို ဖန်တီးပြီး စာတွေ ရေးနိုင်ခဲ့တယ်..။ ရသစာတွေ သုတစာတွေ မဟုတ်ပေမယ့်... စာရေးတဲ့ အလေ့အကျင့်တစ်ခုကို ကောင်းကောင်းမွေးမြူနိုင်ခဲ့ပါတယ်..။ တစ်လအတွင်း ပို့စ် ၂၆ ခုတောင် ရေးပြီးခဲ့တယ်ဆိုတော့.. တော်တော်ခရီးပေါက်သွားပြီပဲ..။ အဲဒီအတွက် တစ်ကယ်ပျော်ရွှင်မိပါတယ် .. နေရာဒေသအသီးသီးမှာ ဘ၀မျိုးစုံကျင်လည်နေကြတဲ့ ဘ၀တူသူငယ်ချင်းများ ကိုလည်း ကျေးဇူးတင်ပါတယ်.. . ။ ဘလော့ရေးဖော်ရေးဖက်သူငယ်ချင်းတွေ လာပြီးအားပေးခဲ့လို့သာ ဆက်ရေးဖို့ အားရှိပြီး.. ရေးဖြစ်ခဲ့တာပါ..။ စရေးကာစကဆို ဘာရေးလို့ ရေးရမှန်းမသိပေမယ့်... တဖြည်းဖြည်းနဲ့ ရေးချင်တာတွေကို ချရေးတတ်ခဲ့တယ်.. ။ တစ်ကယ်လို့သာ ဒီဘလော့ကို မလုပ်ဖြစ်ခဲ့ဘူးဆိုရင်.. အဲဒီစာတွေက ခေါင်းထဲကနေမထုတ်ဖြစ်ပဲနဲ့ နောက်ပိုင်း အပြီးအပိုင်ပျောက်သွားမှာပါ..။ အခုဆိုရင်.. နောက်ပိုင်းအသက်တွေကြီးလာရင် ငါငယ်ငယ်က ရေးခဲ့ဖူးတဲ့စာတွေ ကဗျာတွေပါလားလို့.. အမှတ်တရအဖြစ် မပျောက်မပျက် မှတ်တမ်းတင်ထားနိုင်ပါပြီ..။ 

ဒါပေမယ့် သွားလည်မယ်လို့ ရည်မှန်းထားတဲ့ မြို့အားလုံးကိုတော့ မရောက်ဖြစ်ခဲ့ပါဘူး.. ။ အဓိကက ရာသီဥတုကြောင့်ပေါ့..။ ကျမအရင် ဒီမှာ ကျောင်းတက်နေတဲ့ အစ်မတစ်ယောက်က ပြောဖူးတယ်..။ ဂျာမနီနွေဦးကို လုံးဝမယုံစားနဲ့တဲ့.. ဂျာမနီနွေဦးဆိုတာ ယောက်ျားလေးတွေရဲ့ စိတ်လိုပဲ မာယာများတယ်တဲ့..။ အခုတစ်မျိုးတော်ကြာတစ်မျိုး.. ယုံကြည်လို့ရတဲ့အရာမဟုတ်ဘူးတဲ့..။ (ကြားဖူးတာကို ပြန်ပြောပြတာပါ.. ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူးနော်.. :) ) တကယ်လည်း ဟုတ်ပါတယ်..။ ဒီနေ့နေသာရင် နောက်တစ်နေ့ 0 အောက်ပြန်ရောက်ပြီး ခိုက်ခိုက်တုန်နေပြန်ရော.. မိုးကလည်း ရွာချင်တဲ့အချိန်ရွာတယ်..။ အခုလောလောဆယ်တော့. ဆောင်းတွင်းပြန်ရောက်နေရသလို တော်တော်ပြန်အေးနေပြန်ပါပြီ..။ 
ဒီနေ့ ကျောင်းသွားတော့ လမ်းမှာတွေ့တဲ့ ပန်းခင်းကို ရိုက်ခဲ့တာပါ..။ ဒီပန်းတွေက အရမ်းလှတယ်.။ အ၀ါရောင်ပန်းလေးတွေကိုမြင်တော့ ပိတောက်ကို သတိရတယ်..။ 
 ဒီအချိန်ဆိုရင် မြန်မာနိုင်ငံမှာလည်း ပိတောက်ပန်းဝါ၀ါတွေနဲ့ လှပနေမှာပဲနော်..

ရိုက်ချက်ကတော့ နည်းနည်းတိုးတက်လာပြီ..:D 
 ဒီနေ့မှပဲ စာရေးကိရိယာအစုံအလင်နဲ့ စာအုပ်တွေကို အတန်းမသွားခင် အရင်သွားဝယ်ထားလိုက်ပါတယ်.။ စာရွက်ပြောင်နဲ့ ရေးရင် ကိုယ့်လက်ရေးကိုတောင် ပြန်မဖတ်ချင်လို့ ကလေးတုန်းကလို မျဉ်းကြောင်းနဲ့ စာအုပ်ပဲ သုံးတယ်..:) စာအုပ်အဖုံးကလည်း အဲလို ကလေးကလားပုံစံတွေချည်းပဲ.. :)
ဒီမှာ စာရေးကိရိယာတွေ က တော်တော် ဈေးချိုတယ်...။ အကုန်လုံးအပြည့်အစုံပါတာကိုမှ ၂.၄၈ ယူရိုပဲ ပေးရပါတယ်..။ ပြီးတော့ အဲဒါက Germany Made တွေဖြစ်ပြီးတော့ ကွာလတီ လည်း တော်တော်ကောင်းတယ်..။ 

ဒါက ဌာနက ပေးတဲ့ ကျောင်းတံဆိပ်ပါတဲ့ စာအုပ်နဲ့ ဘောပင်၊ ခဲတံတွေပါ..။ 

အခုတက်ရမယ့် Semester က Summer Semester ဖြစ်ပြီး... August လထဲမှာ အတန်းပြီးမှာပါ..။ အရင်ပြီးခဲ့တဲ့အတန်းက Winter Semester ဆိုတော့ရာသီဥတုက တော်တော်ဆိုးတယ် ။ နှင်းတွေထဲ မှာ ရေခဲရိုက်ခံထားရသလို ကျောင်းသွားခဲ့ရပြီး... ဖြတ်သန်းခဲ့ရတာပါ..။
အခုအတန်းကတော့ ရာသီဥတုက နွေရာသီရောက်တော့မှာဆိုတော့.. သက်သောင့်သက်သာနဲ့ ဖြတ်သန်းနိုင်မှာပါ..။ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ အတန်းချိန်တွေ အပြည့်ရှိပါတယ်..။ စိတ်မောရတဲ့ ရက်တွေ.. အိပ်ငိုက်ရတဲ့ ရက်တွေ... ကြုံသလိုဖြစ်သလိုစားရမယ့် ရက်တွေ တစ်ဖန်ပြန်ရောက်လာပါပြီ..။ သေချာတာတော့.... ဒီအချိန်တွေအတွင်း ဘလော့မှာလည်း ဒိုင်ယာရီပုံစံတွေပဲ ရေးဖြစ်တော့ပါမယ်..။ အဲဒါမှ အချိန်ပေးပြီး စဉ်းစားစရာမလိုသလို.. ဘလော့နဲ့လည်း အဆက်ပြတ်မသွားစေချင်တဲ့ ရည်ရွယ်ချက်ပါရှင်..။

အားလုံးပျော်ရွှင်အောင်မြင်ပါစေ.. ပျော်ရွှင်ဖွယ်ရာ မြန်မာနှစ်သစ်ပါရှင်.. Happy Myanmar New Year !!!

9 comments:

စံပယ်ချို said...

ပန်းဝါ၀ါပုံတွေတော့ မသွားပါပြီ
နှစ်သစ်မှာပျော်ရွှင်မှုတွေပြည့်ဝပါစေလို့
ပုံတွေအရမ်းလှတယ်

ချစ်စံအိမ် said...

စိတ်ချမ်းသာကိုယ်ကျန်းမာပြီလိုရာခရီးလျှောက်လှမ်းနိုင်ပါစေ..
ဘလော့ထဲမှာမျှော်နေပါမယ်..:)

Unknown said...

ဟုတ်...အမလည်း နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ....:P

အလွမ်းမြို့ said...

စနိုးရေ... မကြီးလွမ်းရောက်ခဲ့ပါပြီ။ ပန်းလေးလည်းလှ စာရေးသူလည်းလှ ပြိုင်တူ သင်္ကြန်မှာအလှစုံနေတယ်ပေါ့။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။


ခင်မင်တဲ့
မကြီးလွမ်း

မင်းမုန်းတဲ့သူ said...

နှစ်သစ်မှာပျော်ရွှင်ပါစေဗျာပြန်ဆုတောင်းပေးခဲ့ပါတယ်။

နွေလ said...

စာရေးတာ ကောင်းပါတယ်
ကြားဖူးတာလေး Share ပါရစေဗျာ
ဆရာချစ်နိုင် ( စိတ်ပညာ ) ပြောတာပါ
သမ္မတကြီးကနေ အနိမ့်ဆုံးလူတန်းစားအထိ စာရေးသင့်ပါတယ် တဲ့
အစ်မရေ .. .
ကင်မရာက ကောင်းလိုက်တာ
ကြည်နေတာပဲ . . . ကြည့်လို့လည်း ကောင်းတယ်
ပန်းတွေက မိုက်တယ် . . . ဘာပန်းတုန်း

ရင်ဆူး said...

ရာသီဥတုဆိုးတဲ့အချိန်မှာကျောင်းတက်ရတဲ့ဒုက္ခကိုတော့ နားလည်ပါတယ်စနိုးရယ်.....ကျောင်းပြန်ဖွင့်ပြီဆိုတော့ ကျောင်းစာတစ်ဖက် ဘလော့တစ်ဖက်နဲ့ဆိုတော့ အဆင်ပြေမဲ့ ဒိုင်ယာရီလိုရေးတာလည်း ကောင်းပါတယ်.....ဘာပဲပြောပြော နင်ပြောသလို စိတ်ထဲရှိတာတွေချရေးထားရင် အသက်ကြီးလာရင် ငယ်ဘ၀အလွမ်းပြေ ပြန်ဖတ်လို့တော့ရတာပေါ့ဟာ....နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေ ...စနိုးရေ......

Snow May said...

ပန်းတွေက ဒီရောက်မှ မြင်ဖူးတာ.. ဒီမှာတော့ နေရာတိုင်းလိုလိုမှာ အလှစိုက်ထားကြတယ်.. ဘာပန်းလဲတော့ မသိဘူး. သူငယ်ချင်းတွေကိုမေးတော့လည်း သေချာမသိကြဘူး.. :D

Snow May said...

ပန်းနာမည်သိပြီ အင်္ဂလိပ်လို Daffodil လို့ခေါ်တယ်တဲ့ မြန်မာလိုတော့ မသိဘူး :)

Follow Us @soratemplates