♥♥ ♥♥ ♥♥
ပန်းတစ်ပွင့်ရဲ့အလှကို
ပေါ်လွင်အောင်
ဖွဲ့နွဲ့တတ်တဲ့ ကဗျာဆရာတစ်ယောက်တော့ မဟုတ်ရပါဘူး…
သူတို့အလှက
စာဖွဲ့လို့ မမီနိုင်လောက်တာမို့
စပ်ဆိုလိုက်ရင်
အလှတွေလျော့ကုန်မှာ စိုးမိတယ်
ငါ့အလှတွေ
ပိုပေါ်လွင်စေဖို့
ပန်းလေးတွေကို
အသုံးချ ပန်ဆင်တတ်တဲ့သူလည်း မဟုတ်ရပါဘူး….။
ငါ့အခန်းလေး
မွှေးပျံ့စေဖို့
ချိုးယူဖဲ့ချွေ
ပန်းအိုးလေးထဲမှာ အကျဉ်းစံ
အလှဆင်ဖို့လည်း
မရည်ရွယ်မိသူပါ..။
ပျားပိတုန်းတွေ
ရစ်ဝဲနေရင်တောင်မှ
ချွေယူသွားမယ့်
ဝတ်ရည်တွေအတွက် ကိုယ်စားနှမြောနေမိတတ်တယ်…။
မလွန်ဆန်နိုင်တဲ့
သဘာဝတရားကြောင့်
ပွင့်ဖတ်လေးတွေညှိးရော်
ကြွေကျမြေခသွားခဲ့မယ်ဆိုရင်
ပန်းလေးတွေနဲ့အပြိုင်
ဝမ်းနည်းမိမယ့်သူပါ..။
ပန်းလေးတွေရေ….
ဖြစ်နိုင်ရင်တော့
ခြွေလည်းမခြွေ…
ပန်လည်းမပန်ဆင်ပဲ
အပင်ပေါ်မှာပဲ..
ထာဝရတည်ရှိစေချင်မိတယ်…။
ပန်းလေးတွေရဲ့
ဖြစ်တည်မှုအတွက်
ကြည့်နေမြင်နေရရုံနဲ့
ကျေနပ်နေမယ့်သူတစ်ယောက်
ဒီကမ္ဘာကြီင်္းပေါ်မှာ..
တည်ရှိနေတယ်ဆိုတာ…
သူတို့တော့
သိနိုင်မယ်မထင်ပေမယ့်
သူတို့တွေက
ကျမဘ၀ရဲ့ ပျော်ရွှင်မှုတွေကို
တစိတ်တပိုင်း
ဖန်တီးပေးသူတွေပဲ ဖြစ်ပါတယ်..။
♥♥ ♥♥ ♥♥
ဒီတစ်နေ့တော့
ချစ်တဲ့ကံ့ကော်ပန်းတွေအတွက်
ပုံတူလေးတစ်ခု
ဖန်တီးခဲ့မိတယ်…။
ဖန်တီးခဲ့မိတဲ့
ပုံလေးတစ်ပုံကြောင့်
ကံ့ကော်လေးတွေရဲ့အလှ
လျော့သွားခဲ့မယ်ဆိုရင်
ဖန်တီးမိသူ
ကျမမှာပဲ အပြစ်ရှိပါတယ်…။
ကံ့ကော်ပွင့်လေးတွေ ကျေနပ်ဂုဏ်ယူမနေဘူးဆိုရင်တောင်
သူတို့အပေါ်မှာ
ထားတဲ့အချစ်တွေကြောင့်
ကျမရဲ့ဖန်တီးမှုအတွက် စိတ်ဆိုးကြမယ် မထင်ပါဘူး.. ☺ ☺
♥♥ ♥♥ .................................................................. ♥♥ ♥♥
တစ်နေ့က သူငယ်ချင်းတစ်ယောက်ရေးတဲ့ ကံ့ကော်နဲ့ဆိုင်တဲ့ ကဗျာလေးကို သွားဖတ်ပြီး ကံ့ကော်ပန်းတွေ မြင်ပြီးကတည်းက ပုံဆွဲချင်နေခဲ့တာ.အဲဒါနဲ့ ဒီနေ့တော့ ဆွဲကြည့်မိတယ်..။ ဆွဲပြီးတော့ အလကားမနေပဲ ဘလော့ပေါ်တင်ချင်ပြန်ရော... :)
အဲဒါနဲ့ ပန်းတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ရှိတဲ့အတိုင်း ခံစားမိတဲ့အတိုင်း ရေးထားတာပါ...။ ပန်းတွေကို ကြည့်ရတာ ၀ါသနာပါတယ်..။ အပင်ပေါ်မှာ ရှိနေတဲ့အတိုင်းပဲ ကြည့်ချင်ပြီး ပန်းစည်းတွေ ဘာတွေဆို လုံးဝမကြိုက်ပါဘူး..။ အပင်ပေါ်မှာရှိနေတဲ့ ပန်းတွေရဲ့ အလှကို ကြည့်ရတာပဲ စိတ်ဝင်စားတာပါ.. ☺☺
(မှတ်ချက်.. ပုံပေါ်ကို ကလစ်ပြီး ကြည့်ရင် ပိုကြည်ပြီး ကြည့်ရတာ ပိုပြတ်သားတယ်.. ဟိဟိ အဲလို ကြော်ငြာသေးတာ :))
Thanks A lot for ur KIND Visit !!!
8 comments:
ကံ့ကော်ပန်းလေးတွေကို သဘောကျတယ်. ။ ဘာဖြစ်လို့လဲမသိဘူး.။ အဲ့ပန်းကို ကို သဘောကျတာ.။
စနိုးကပုံဆွဲလည်းရတာပဲ
ပုံလေးရော ကဗျာရော ခံစားသွားပါတယ်။။
ကဗျာလေးလဲကောင်း ပုံလေးလှ အားပေးသွားပါတယ်ဗျ
ပုံလဲလှတယ် ပန်းကိုလဲချစ်တယ်
ပန်းရနံ့ကိုလဲ ချစ်တယ်
မမက ပုံလည်း ဆွဲတတ်တာပဲ မိုက်တယ် :D
ဖန်တီးထားတဲ့ပန်းကလေးက တကယ်ကို ချစ်ဖို့ကောင်းတယ်.. ကြည့်ရတာလည်း အေးချမ်းတယ်.. ကြည်ဖြူ့ဘ၀မှာတော့.. အနှစ်သက်ဆုံးနဲ့.. အချစ်ဆုံးပန်းလေးပါ.. တစ်နှစ်တစ်ခေါက်.. သစ္စာရှိရှိလည်း ပုံမှန်ပွင့်တယ်.. သူ့ရနံ့ကတော့.. ဒီလိုပူလောင်တဲ့နွေရာသီမှာ.. အေးချမ်းနှစ်သက်မှုပေးတာကတော့.. ဆိုဖွယ်ရာမရှိတော့ဘူး.. စနိုးရဲ့ ပိုစ့်လေးကို တကယ်သဘောကျမိတယ်ရှင်..။
ညီမလေးစနိုးရေ။
မကြီးလွမ်းက ပန်းတော့ မဆွဲတတ်ပါဘူး။ ဒါပေမဲ့ ကဗျာလေးတော့ ခံစားတတ်တယ်။
ပုံမဆွဲတတ်ပေမဲ့ ကံကော်ပန်းကိုဆွဲသွားတဲ့ စနိုးလေးကို ဒီနေရာကနေ ချီးကျူးလိုက်ပါတယ်။
ခင်မင်တဲ့
မကြီးလွမ်း
ပန်းပုံကို မမြင်ရဘူး ဘိုးတော်ကွန်နက်ရှင်ကြောင့်။ ပန်းချီပုံလားဟင်။ သူများတွေပြောတာမြင်နေရပြီး ကံကော်ပန်းပုံကိုမမြင်ရဘူး။အားကြီးစိတ်ဆိုးတယ်မြန်မာနိုင်ငံက ကွန်နက်ရှင်ကို။
Post a Comment