Tuesday, 17 April 2012

# Sharing # အမှတ်တရ အချိန်များ

အာဖရိက ပုံရိပ်များ ☺ ☺


မင်္ဂလာနှစ်သစ်ပါရှင်…..
အာဖရိကတိုက်ရဲ့ တိုးတက်တဲ့နိုင်ငံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့   တောင်အာဖရိကနိုင်ငံကို ရောက်ခဲ့ စဉ်က ရိုက်ခဲ့တဲ့ ဓါတ်ပုံများကို ဝေမျှပါရစေ…။
သွားခဲ့တဲ့အချိန်က ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာလမှာဖြစ်ပါတယ်..။ အဲဒီအချိန်မှာ… ဂျာမနီမှာက နှင်းတွေ သိပ်မ ကျသေးပေမယ့် ၀ ဒီဂရီလောက် နီးနီးပဲ အေးခဲနေတဲ့အချိန်မှာ.. တောင်အာဖရိကနိုင်ငံမှာ ပျမ်းမျှအပူချိန် ၃၅ လောက်နဲ့ပူနေဆဲအချိန် အခါဖြစ်ပါတယ်..။ အဲဒါကြောင့် ကွာခြားတဲ့ရာသီဥတုနှစ်မျိုးရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို တော်တော်ခံလိုက်ရပါသေးတယ်..။
တောင်အာဖရိကကိုသွားဖို့အတွက် ဒူဘိုင်းကနေတစ်ဆင့်သွားပါတယ်..။ Frankfurt International Airport ကနေ ဒူဘိုင်းကို ၆ နာရီကျော်ကြာကြာ လေယာဉ်စီးပြီး.. ဒူဘိုင်းမှာ ၅ နာရီလောက် ထရန်စစ်စောင့် ခဲ့ရတယ်..။ UAE Visa ကမပါတော့ အပြင်လည်း ထွက်လို့မဖြစ်ဆိုတော့ လေဆိပ်ထဲကနေပဲ ဒူဘိုင်းမြို့ရဲ့ အလှကို လှမ်းငေးနေခဲ့ရပါတယ်….။
 ဒူဘိုင်းမြို့အလှ .. လှမ်းမြင်ရတာတော့ တော်တော်လှမယ့်ပုံပဲ.. ဒါပေမယ့် ရာသီဥတုကတော့ ပူမယ်ထင်တယ်..။

ဒူဘိုင်းကနေ တောင်အာဖရိကနိုင်ငံက ဒူရာဘန်ဆိုတဲ့ပင်လယ်ကမ်းခြေမြို့ကို ၉ နာရီလောက်လေယာဉ် ဆက်စီးရပါတယ်…။ အဲဒီအချိန်က ဒူရာဘန်မှာ… ကုလသမဂ္ဂရဲ့ ၁၇ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှု တိုက်ဖျုက်ရေးဆိုင်ရာ ညီလာခံ (COP-17) ကို ကျင်းပမယ့်အချိန်လည်းဖြစ် တာကြောင့် ကမ္ဘာအနှံ့က ကိုယ်စားလှယ်တွေ အများကြီးလာကြတဲ့ အချိန်ပါ..။ လေဆိပ်ကနေစလို့ တစ်မြို့လုံးလိုလိုမှာ Green Revolution နဲ့ ပတ်သက်တာတွေကို ပညာပေးအနေနဲ့ အလှဆင်ထားကြပါတယ်…။ 

 လေဆိပ်က ကြမ်းပြင်တွေမှာ ရေးထားတဲ့ ဒီစာစုကိုတော့ အကြိုက်ဆုံးပဲ.. တိုတိုလေးနဲ့ အဓိပ္ပာယ်ရှိတယ်။

ရောက်တဲ့နေ့ညက ဟိုတယ်မှာ မီးပျက်နေခဲ့တယ်..။ အဲဒီလိုပျက်တာ ခဏခဏပဲတဲ့..။ သူတို့ဆီမှာလည်း မီးပျက်တာပါပဲ..။
 Seminar လုပ်တဲ့ အခန်းကို သွားတဲ့လမ်းလေးပါ.. အခန်းနာမည်တွေကို  တိရိစ္ဆာန် အမည်တွေ ပေးထားတာပါ..။ အဲဒီဟိုတယ်က တောတောင်သဘာဝ အလှအပတွေကို အခြေခံပြီး တည်ဆောက်ထားတာကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးကို အဲဒီမှာ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်..။
နေခဲ့တဲ့အခန်းလေး..။ Double room ဆိုတော့ အင်ဒိုနီးရှားကနေ လာတဲ့ မိန်းကလေးတစ်ယောက် နဲ့ နှစ်ယောက်အတူတူတည်းခဲ့ရပါတယ်..။ 
ဒူရာဘန်မြို့က သန့်ရှင်းပြီး လှလည်းလှတယ်.. ကမ်းခြေနဲ့ မြို့ကလည်း တစ်ဆက်တည်းပဲ..
ကမ်းခြေကတော့ Really Sand Beach ပဲ.. အရမ်းလှတယ်.. လှိုင်းတွေနဲ့ ကစားရင်တော့ တော်တော်ပျော်ဖို့ကောင်းမှာ.. ဒါပေမယ့် အချိန်မရလို့ မကစားခဲ့ရဘူး.. ။
Tala Game Reserve လို့ခေါ်တဲ့ တောရိုင်းတိရိစ္ဆာန်သဘာဝဥယျာဉ်ကို သွားလည်ခဲ့တဲ့ပုံတွေပါ..။ Game Reserve ဆိုတာက တိရိစ္ဆာန်တွေကို သူတို့ရဲ့ သဘာဝအတိုင်း သူတို့နေရင်းဒေသအတိုင်း တောထဲမှာ လွတ်လွတ်လပ်လပ်လွှတ်ထားတဲ့ ဥယျာဉ်ပါ...။ အာဖရိကသတ္တ၀ါတွေပဲဆိုတော့ သူတို့ရဲ့နေရင်းဒေသ အစစ်အမှန်မှာ ကျက်စားရတာဆိုတော့လည်း အကောင်လေးတွေက ၀ဖြိုးလို့ ကြည့်ရတဲ့သူတွေအတွက် စိတ်ချမ်းသာပါတယ်..။
ရိုက်ခဲ့တဲ့ထဲမှာဒီဓါတ်ပုံကို အကြိုက်ဆုံးပဲ.. :) 
အဲဒီလို ကားနဲ့ ဥယျာဉ်ထဲမှာ လည်ရတယ်..။ ဂိုက်မလိုပါဘူး.. ကားမောင်းတဲ့သူကပဲ အားလုံးသိချင်တာကို ကျေနပ်တဲ့အထိ စိတ်ရှည်ရှည်ရှင်းပြပေးတယ်..။ မြင်းကျားအထီးနဲ့အမ ဘယ်လိုခွဲခြား မလဲလို့ တစ်ယောက်ကမေးတော့ အထီးက Black and White Alternate နဲ့ အမကတော့ White & Black Alternate လို့ ပြန်ပြောလို့ မေးတဲ့ တစ်ယောက်မှာ ရယ်ရမလို ငိုရမလို.. :)


ကျားတော့မတွေ့ခဲ့ဘူး.. ဒါပေမယ့် ကျားဖြူရော ကျားဝါရော နေပြည်တော်မှာ မြင်ခဲ့ဖူးတော့ သိပ်ကိစ္စမရှိပါဘူး..။ သစ်ကုလားအုတ်တွေနဲ့ မြင်းကျား၀၀လေးတွေကြည့်ရတာနဲ့ကို အရမ်းပျော်ခဲ့တယ်..။
♥ ..........................................................................................................

Thank you all and wishing you all happy Myanmar new Year

13 comments:

လွင်ပြင်လှိုင်းငယ် said...

ပုံလေးတွေကြည့်သွားပါတယ် မရောက်ဖူးတဲ့နေရာလေးကို ပုံလေးတွေနဲ့
ရောက်သွားသလိုပါပဲ ဓါတ်ပုံရိုက်ချက်တွေက အရမ်းကောင်းတော့ အားကျလိုက်တာ အဲ့လိုရိုက်တတ်ချင်တယ် သင်ပေးပါ့လား

မိုးသက် said...

မိုက်တယ်အစ်မ. အစ်မကတော်တော်စုံတာပဲ.ကျွန်တော်ကတော့ အစ်မမောင်ဖြစ်ရတာတန်သွားပြီ.. ဗဟုသုတ တော်တော်ရလိုက်တယ်.။
ဖြစ်နိုင်ရင် တစ်ရက်ကို ၅ ပုဒ်လောက်ရေးပါလား. :P.. ဟီး..။ အလကားစတာနော်အစ်မ.. ။ ဖတ်လို့အရမ်းကောင်းပါတယ်.။
နောက်လည်းအဲ့လို ရသရော သုတပါပေးတဲ့စာလေးတွေများများရေးပါ.။

ချစ်စံအိမ် said...

ဓာတ်ပုံတွေပါတော့ ကြည့်ရတာ ပျော်ဖို့ကောင်းသလိုရောက်သွားသလိုပဲ
စနိုးရေ ကျေးဇူးပါနော်

ဧဒင်အချစ်ပုံပြင် said...

မရောက်ဘူးပေမဲ့ရောက်နေသလိုဘဲဂျာ..ကျေးဇူးဘဲ

ရင်ဆူး said...

မိုက်တယ်စနိုးရေ အားကျပါတယ်....ငါလည်းရောက်ဖူးချင်လိုက်တာ.....နင်တင်ပေးတာဘဲ စောင့်ကြည့်ရင်း စိတ်ကူးနဲ့သွားလိုက်ပါတယ်ဟာ.......ပုံတွေတင်ပေးလို့ ကျေးဇူး....

Candy said...

တည်းခဲ့တဲ့ နေရာလေးက တော်တော်လှတယ်နော်....
ဓာတ်ပုံတွေတ၀ကြည့်သွားတယ် :D

စံပယ်ချို said...

အိုး---- အရမ်းကိုလှတယ်
ကိုယ်တိုင်ရာက်နေသလိုလဲခံစားရတယ် ရေထဲက ဘဲပုံလေးကြိုက်တယ်
ရိုက်တဲ့သူကလဲတော်တယ် ကင်မရာလဲကောင်းတဲ့ အမျိုးအစားနော်

Unknown said...

ပျော်စရာတော့ကောင်းမှာနော် အမ...
ဥယျာဉ်လေးကို သွားရတာဆိုတော့...
ဗဟုသုတတွေရခဲ့ပါတယ်ဗျာ...:)

Anonymous said...

ရောက်ဖူးချင်လိုက်တာ...

အောင်အောင် said...

ချနိုးရေ နာတို့ UAE ကတော့ ပူလားတော့မပြေားနဲ့ အခုဆိုရင်နံနက် 9နာရီ အပြင်တောင်မထွက်နိုင်တော့ဘူး...ပူတယ်ဟေ့ မိုးကလည်း မရွာဘူး...

ကိုနော် said...

မြင်းကျား အထီးအမ ခွဲနည်းလေးကြိုက်တယ်ဗျို့ဟိဟိ

ဝိ၀ိ said...

တောင်အာဖရိက ကအတော်ကို လှတဲ့ နိုင်ငံပါလား...ပာ...

Unknown said...

အရမ်းရောက်ချင်လိုက်တာဗျာ
ရှု့ ခင်းတွေကလှလွန်းလို့ 

Follow Us @soratemplates