♥ ♥♥ ♥ ♥♥ ♥
ဒီနေ့ည ကောင်းကင်မှာ.. တိမ်ကင်းစင်နေတယ်..။ လပြည့်ညပီသစွာ… အခြွေအရံကြယ်ပေါင်းများစွာ .. ခြံရံပြီး .. လင်းလက်တောက်ပနေတဲ့. လမင်းကြီးက… ကမ္ဘာမြေကြီးအတွက်.. အလင်းတွေဖြန့်ကျက်လို့..။ လျှပ်စစ်မီးတွေ.. နေ့လောက်နီးနီး.. လင်းလက်တောက်ပနေပေမယ့်… ကံကောင်းထောက်မစွာ.. ဒီတစ်ညတော့… သူမ လပြည့်ညရဲ့.. လှပမှုကို.. မျက်ဝါးထင်ထင်.. တွေ့ရှိခံစားခွင့်ရခဲ့ပါတယ်..။ ဒီလိုညမျိုးဆို.. သူ့အကြောင်းတွေးမိနေတတ်တဲ့သူမ… ဒီနေ့ညလည်း… အတွေးတွေက.. တစ်ချိန်က သူ့ဆီကို.. ရောက်ရှိသွားပြန်ပြီ…။
ဟိုးးးးးးးးးးအဝေးကြီးမှာ .........................................
သူမနဲ့… ဘာမှမဆိုင်တော့တဲ့.. သူကရော.. ဒီလိုအချိန်မှာဆို.. သူနေတဲ့နေရာမှာတော့… မနက်ခင်း တစ်မိုးသောက်နေလောက်ရောပေါ့..။ သူ့အတွက်.. နေမင်းကြီးက..အလင်းတွေ ပေးဝေပြီး .. နေရောင်ခြည်တွေ.. ရစ်သိုင်းနေတတ်တဲ့အချိန်မှာ.. သူမကတော့.. လမင်းကြီး နဲ့… ကြယ်လေးတွေ ကို. ငေးကြည့်နေဆဲပဲဆိုတော့… သူနဲ့သူမ.. အမြဲဒီလို ဆန့်ကျင်ဖက်တွေပဲ … ကြုံတွေ့နေ ရပြီး… ကျောခိုင်းခဲ့ရတယ်ဆိုတာ… ဆန်းကြယ်တဲ့အရာတော့ မဟုတ်တော့ပြန်ပါဘူး..။
ဒီညမှာတော့ အိပ်စက်ဖြစ်ခဲ့ရင်တောင်.. သူမရဲ့ အိပ်မက်ထဲထိ .. သူရောက်လာဦးမှာ.. သေချာပါတယ်..။ တစ်ချိန်တုန်းကတော့… သူမျက်လုံးအစုံ… မှိတ်လိုက်ပြီဆိုရင်… အတွေးထဲမှာ… ပေါ်လာမယ့်သူဟာ.. သူမပဲဖြစ်နေရမယ်လို့.. တောင်းဆိုခဲ့ဖူးတယ်..။ သူ့ရဲ့အိပ်မက်တိုင်းမှာ… သူမရဲ့ ပုံရိပ်တွေပဲ…. စိုးမိုးနေစေရမယ်လို့… သူ့ကို… ဂျီကျခဲ့ဖူးတယ်….။ သူမသာ.. သူ့ရဲ့အိပ်မက်.. သူ့ရဲ့မျှော်လင့်ချက်.. သူတကယ်အလိုအပ်ဆုံးသူတစ်ယောက်.. ဖြစ်ချင်ခဲ့ဖူးတယ်..။ သူ့ဘ၀မှာရှိတဲ့… အရာအားလုံးထဲမှာ.. သူမသာ… အရေးပါဆုံးအရာတစ်ခုအဖြစ်… ရပ်တည်ချင်ခဲ့ဖူးတယ်..။
♥ ♥♥ ♥ ♥♥ ♥
သူမဘ၀မှာ.. သူနဲ့ပတ်သက်လာရင်.. အတ္တအရမ်းကြီးခဲ့မိသလားဆိုတာ.. သူမကိုယ်တိုင်တောင် .. ဝေခွဲမရဖြစ်ခဲ့ပါတယ်..။ သူ မနက်ခင်းနိုးထချိန်တိုင်းမှာ…. ပထမဆုံးခေါ်တဲ့ဖုန်းဟာ… သူမဆီကိုပဲ .. ဖြစ်စေရမယ်လို့.. သူ့ကို.. တောင်းဆိုခဲ့ဖူးတယ်..။ တကယ်လည်း.. သူမ တောင်းဆိုတဲ့အတိုင်း… သူမရဲ့မနက်ခင်းဟာ… သူ့ရဲ့ဖုန်းသံနဲ့.. ကြင်ကြင်နာနာပြောတတ်တဲ့.. “Good Morning, Honey” ဆိုတဲ့ စကားလုံးနဲ့.. စတင်သက်ဝင်စေခဲ့ဖူးပါတယ်….။ သူမရဲ့ အိပ်ခါနီးအချိန်တိုင်းမှာလည်း… “Good Night!! Hav’ a sweet dream,Babe” ဆိုတဲ့… Message လေးတစ်စောင်ကို.. သူအမြဲတမ်းပို့ပေးလေ့ရှိခဲ့ပါတယ်..။ သူ့ဘ၀မှာ… သူမရဲ့ မေတ္တာတွေ… ဂရုစိုက်မှုတွေ ဝေဖန်အားပေးမှုတွေသာ.. မရှိခဲ့ဘူးဆိုရင်… သူရပ်တည်နိုင်ပါ့မလား.. အောင်မြင်ပါ့မလားလို့.. တစ်ဖက်သတ်တွေးထင်ကာ.. သူ့အတွက်… ကမ္ဘာကြီးတစ်ခုလောက်နီးပါး အရေးပါတဲ့သူတစ်ယောက် ဖြစ်ချင်ခဲ့ဖူးပါတယ်..။ သူဘယ်နေရာရောက်ရောက်.. သူဘယ်မှာပဲရှိရှိ.. သူ့ရဲ့လှုပ်ရှားမှုတွေတိုင်းကို… ပထမဆုံးအသိပေးတဲ့သူဟာ.. သူမပဲဖြစ်ပါစေလို့.. အတ္တကြီးခဲ့ဖူးမိတယ်..။
♥ ♥♥ ♥ ♥♥ ♥
တစ်ကယ်တော့.. သူ့ကို သူမဘ၀မှာလိုအပ်တယ်ဆိုတာထက်…. သူ့ဘ၀မှာ… သူမဟာ.. မရှိမဖြစ်လိုအပ်တဲ့သူ တစ်ယောက်. ဖြစ်ခွင့်ရချင်ခဲ့တာပါ..။ အဲဒီလိုအတ္တတွေကြောင့်ပဲ.. သူနဲ့သူမ ပိုဝေးကွာ သွားခဲ့လေသလား…။ ချုပ်ချယ်တယ်လို့.. သူစွပ်စွဲခဲ့သလိုမဟုတ်ခဲ့ရပါပဲ… သူ့ကိုချစ်တဲ့အတ္တတစ်ခုတည်းနဲ့ … ချည်နှောင်ခဲ့မိတာတွေဟာ… သူမရဲ့အမှားတွေလားဆိုတာ.. သူမ မခွဲခြားတတ်ခဲ့ပါဘူး..။
♥ ♥♥ ♥ ♥♥ ♥
ဖြစ်နိုင်ရင်ပေါ့………..
တစ်နေ့နေ့မှာ……………
သူတစ်ခါက ကတိပေးခဲ့ဖူးတဲ့အတိုင်း……………..
ကြည်လင်နေတဲ့ကောင်းကင်ကြီးကို………. နှစ်ယောက်အတူတူမော့ကြည့်ရင်း……………
“နင့်အတွက်….. ငါလက်ဆောင်အဖြစ် ရွေးပေးတဲ့ကြယ်လေးလေ” လို့ ……… ကောင်းကင်ကြီးထက်မှာ ……. နေရာတွေခဏခဏရွေ့နေတတ်တဲ့…… ကြယ်လေးများစွာထဲက ……. မရွေ့မလျား တစ်နေရာထဲမှာ…. သစ္စာရှိရှိ… ရပ်တည်နေတတ်တဲ့… ကြယ်လေးတစ်ပွင့်ကို…… သူမအတွက် သူရွေးချယ်သတ်မှတ်ပေးမယ့်……… . နေ့ရက်တစ်ရက်ကို… ရောက်ချင်ပါသေးတယ်..။
♥ ♥.................................................................................. ♥ ♥
Celine Dion သီဆိုထားတဲ့ I want you to need me ဆိုတဲ့ သီချင်းကို ခံစားရေးဖွဲ့ထားတာပါ..။ သီချင်းလေးရဲ့ Lyrics ကို အရမ်းကြိုက်မိပါတယ်..။ I need you လို့မပြောပဲ.. I want you to need me လို့ ရေးဖွဲ့ထားတာဟာ.. ဒီသီချင်းကို… ပရိသတ်အတော်များများ ကြိုက်နှစ်သက်သွားစေတဲ့ အချက်တွေထဲက.. အဓိကကျတဲ့.. အချက်တစ်ခုလို့ ထင်မြင်မိပါတယ်…။
ကျမကိုယ်တိုင်လည်. “I need you” လို့မဟုတ်ဘဲ အဲဒီ “ငါ့ကို နင်အမြဲတမ်း လိုအပ်နေစေချင်တယ် - I want you to need me” ဆိုတဲ့ စာသားလေးကြောင့်ပဲ.. ဒီသီချင်းကို ပိုပြီးကြိုက်လာကာ နှစ်နှစ်သက်သက် နားထောင်ဖြစ်ခဲ့တယ်ထင်ပါတယ်… ။
I want U to need me ♥
♥ ♥♥ ♥ ♥♥ ♥
I want to be the face you see when you close your eyes
I want to be the touch you need every single night
I want to be your fantasy
And be your reality
And everything between
♥ ♥♥ I want you to need me
Like the air you breathe
I want you to feel me
In everything
I want you to see me
In your every dream
The way that I taste you feel you breathe you need you
I want you to need me
Like I need you ♥ ♥♥
I want to be the eyes that look deep into your soul
I want to be the world to you
I just want it all
I want to be your deepest kiss
The answer to your every wish
Im all you ever need
♥ ♥♥ I want you to need me
Like the air you breathe
I want you to feel me
In everything
I want you to see me
In your every dream
The way that I taste you feel you breathe you need you
I want you to need me
Like I need you ♥ ♥♥
More than you could know
And I need you
To never never let me go
And I need to be deep inside your heart
I just want to be everywhere you are....
I want to be the face you see when you close your eyes
I want to be the touch you need every single night
I want to be your fantasy
And be your reality
And everything between
I want to be the touch you need every single night
I want to be your fantasy
And be your reality
And everything between
♥ ♥♥ I want you to need me
Like the air you breathe
I want you to feel me
In everything
I want you to see me
In your every dream
The way that I taste you feel you breathe you need you
I want you to need me
Like I need you ♥ ♥♥
I want to be the eyes that look deep into your soul
I want to be the world to you
I just want it all
I want to be your deepest kiss
The answer to your every wish
Im all you ever need
♥ ♥♥ I want you to need me
Like the air you breathe
I want you to feel me
In everything
I want you to see me
In your every dream
The way that I taste you feel you breathe you need you
I want you to need me
Like I need you ♥ ♥♥
More than you could know
And I need you
To never never let me go
And I need to be deep inside your heart
I just want to be everywhere you are....
I want to be the face you see when you close your eyes
I want to be the touch you need every single night
I want to be your fantasy
And be your reality
And everything between
♥ ♥.................................................................................. ♥ ♥
Thanks A lot for reading my creative writing ♥ ♥ ♥ ♥
16 comments:
တခါကကတိဆိုတာ..ခုချိန်တည်နေ၇င်တော့ကောင်းသားနော်..သူငယ်ချင်း
မလေးက ဇီးကွက်တစ်ကောင်တော့ မိပြီ..:D ဒီအချိန် မအိပ်ပဲနဲ့ ကွန်ပျူတာရှေ့ရောက်နေတယ်ထင်တယ်.. :D :D
သီချင်းလေးကြိုက်တယ်... အစ်မ..ကောင်းလှချည်လား..။ ဒါပေမယ့် Original Version မဟုတ်လို့လားမသိဘူးနော်. နဲနဲဝါးသလိုပဲ.။
စနိုးရေ သီချင်းလေးလာရောက်ခံစားသွားပါတယ်..
Celine Dion ကို အသေကြိုက်တယ် သူ့သီချင်းအားလုံးလိုလိုကြိုက်တယ်
power of love ကိုလဲ အမြဲနားထောင်တယ်
ကျေးကျေးကမ္ဘာ
Celine Dion ကိုအရမ်းကြိုက်ပါတယ်
power pf love ကိုလဲကြိုက်တယ် သူ့စီဒီတွေ ကြုံတိုင်းဝယ်ထားတယ်
ကျေးကျေး
သီချင်းလေးနာထောင်ရတာကောင်းသလိုစာလေးတွေကလည်းဖတ်လို့ကောင်းပါတယ်
သီချင်လေးနဲ့လိုက်တယ်နော်
အရမ်းကောင်းတဲ့သီချင်းလေးပါခံစားသွားတယ်နော်:P
ခံစားသွားပါတယ်ဗျာ...
နောင်လာမယ့်ဇာတ်လမ်းလေးတွေကိုလည်း စောင့်မျှော်အားပေးနေပါတယ်...
သယ်ရင်းစနိုးရေ ..သီချင်းရော ...နင့်အရေးအသားတွေကော ပြောစရာမရှိ သဘောမှာ မိပါတယ်ခင်ဗျာ.........
ဟုတ်မယ်.. ဒီမှာက သူ့သီချင်းတော်တော်များများကို ဖွင့်လို့မရဘူး. ဒီ Version ကိုတောင် နားထောင်ချင်လွန်းလို့ မနည်းရှာထားရတယ်.. Live ဆိုထားတာတစ်ခုဆို အ၇မ်းကောင်းတယ်.
သီချင်လေးခံစားသွားပါတယ်
ceine dion ကို အရမ်းကြိKufw,f
အခု သူ့ရဲ့ I'm Alive ဆိုတဲ့ သီချင်းနားထောင်နေတယ်
အရမ်းကောင်းတယ်
ဒီသီချင်းလေးလည်း ခံစားသွားတယ်နော် အစ်မ
I'm Alive လည်း အရမ်းကြိုက်တယ်. သူဆိုတဲ့သီချင်းတိုင်းလိုလိုကို ကြိုက်တာပါပဲ.:)
ကောင်းတယ်ဗျာ ခံစားလို့  ကောင်းတယ် တကယ်
အားပေးသွားတယ်နော်
တကယ့်ကို ဆွတ်ပျံ့လွမ်းစွတ်ဖွယ်ကောင်းပါလား။ ကိုယ်ကိုယ်တိုင် လမင်းကို ငေးပြီး လွမ်းနေရသလို ခံစားရပါတယ်။
Post a Comment